
KNOWLEDGE

[Zawgyi]
































[Unicode]

အမေရိကန်သမ္မတဟောင်း အိုဘားမားကိုယ်တိုင် ပြောပြတဲ့ သင့်ဘဝတိုးတက်ချင်ရင် ရှောင်ကြဉ်ရမည့် အချက်များ

(၁) ကိုယ့်ကိုယ်ကိုယ်မယုံကြည်မူတွေကိုရပ်တန့်လိုက်ပါ

တကယ်လို့ မင်းဟာကိုယ့်ကိုယ့်ကိုယ်တောင်မယုံကြည်ရင် ဘယ်သူကမှမင်းကိုယုံကြည်နိုင်ကြတော့မှာမဟုတ်တော့ဘူး
အောင်မြင်ခြင်းရဲ့ အစက မင်းဦးနှောက်အတွေးထဲကနေဆင်းသက်လာတာပါ တကယ်လို့မင်းကိုမင်းအမြဲတန်း အပျက်သဘောဖက်ကနေ မြင်နေရင် ဒါမှမဟုတ် အာနာဂတ် ရဲ့ကျရူံးမူတွေမြင်ယောင်နေမယ်ဆိုရင်မင်းဘဝကြီးဟာမင်းထင်သလိုတွေတွေးသလိုတွေဖြစ်သွားတတ်တယ်

(၂) အပျက်သဘောဆောင်တဲ့ Negativeဆောင်တဲ့ မင်းရဲ့အကျင့်ဆိုးကြီးရပ်တန့်လိုက်ပါ

မင်းကိုမင်းအထင်မသေးပါနဲ့ ပတ်ဝန်းကျင်လူတွေကိုလည်းအထင်မသေးပါနဲ့ မင်းကိုမင်းအထင်သေးမယုံကြည်မဲ့အစား ခုကြုံတွေ့ရတဲ့ပြသာနာတစ်ခုချင်းဆီကို တန်းစီစီပြီး ကောင်းကောင်းပြန်စဉ်းစားကြည့်ပါ ဒီလိုလုပ်ခြင်းအားဖြင့် နည်းလမ်းကောင်းတွေရှာဖွေနိုင်တဲ့အပြင် နင့်ကိုလည်းအောင်မြင်စေတယ်

(၃)အချိန်ဆွဲတတ်တဲ့ အကျင့်ကို ရပ်တန့်လိုက်ပါ

ငါအခုမလုပ်ချင်သေးဘူး နောက်မှလုပ်မယ်ဆိုရင် အကျင့်ပါသွားတတ်တယ် နင့်အချိန်ဆွဲနေတဲ့ကိစ္စက သူ့ဟာသူပြီးမသွားတတ်ပါဘူး

(၄)သဘောထားသေးတိမ်တတ်တဲ့အကျင့်ဆိုးကြီးရပ်တန့်လိုက်ပါ

သူတပါးကိုယ့်ပေါ်မကောင်းလို့ ကိုယ့်ကိုယ်မကောင်းတွေပြောနေလို့ သူကိုလည်းအဲ့လိုပြန်တုံ့ပြန်လိုက်မယ်လို့ မလုပ်ပါနဲ့ သူ့ဟာသူလုပ်ပါစေ ပြောပါစေ ပြန်တုံ့ပြန်လိုက်ရင် ကိုယ်လည်းသူလိုလူဖြစ်သွားမှာပါ

(၅)အပြင်မှာထမင်းစားတဲ့အကျင့်ကို ရပ်တန့်လိုက်ပါ

အမြဲအပြင်မှာထမင်းစားခြင်းသည် ပိုက်ဆံတွေကိုဖြုန်းတီးရာရောက်တယ် ကျန်းမာရေးနဲ့လည်း လုံးဝမကိုက်ညီဘူး
ကိုယ့်ကြိုက်တဲ့ဟင်းကောင်းကောင်းလောက်တော့ ချက်ကိုချက်တတ်ရမယ်

(၆)ပျင်းရိတတ်တဲ့အကျင့်ကို ရပ်တန့်လိုက်ပါ

ပျင်းရိတဲ့လူက သူ့ကိုဘယ်လောက်အပြုသဘောဆောင်အောင် ဆွဲဆောင်ပါစေ ပျင်းနေမှာပဲ ဥပမာ မင်းနဲ့ရုပ်ရှင်ကြည့်ဖို့ သူစောင့်နေတယ် မင်းကပျင်းရိပြီး အိပ်ယာမထဘူး သူတစ်နာရီလောက်မင်းကိုစောင့်လိုက်ရတယ် နောက်သူမင်းနဲ့ တူတူသွားဖို့စိတ်ကုန်သွားပြီး မင့်ကိုလည်း မခေါ်တော့ပါဘူး ကိုယ့်ကိုယ်တောင်ပျင်းရိနေမှာတော့ ဘယ်သူမှလာနိုးဆွလို့မလွယ်ကူတော့ဘူး

(၇)တစ်ကိုယ်ကောင်းဆန်းတဲ့အကျင့်ကို ရပ်တန့်လ်ုက်ပါ

မင်းက မင်းအတွက် မင်းကောင်းကျိုးပဲကြည့်တဲ့လူတစ်ယောက်ဟုတ်မဟုတ် စဉ်းစားကြည့်ပါ သူများအတွက်မင်းကဘယ်လိုလူမျိုးလည်းဆိုတာလဲပြန်စဉ်းစားပါ ဒီကမ္ဘာဟာ မျှဝေရတဲ့ကမ္ဘာလောကကြီးပါ ဒါမှ ကမ္ဘာကြီးကလှပနေမှာပါ

(၈)ကတိအလွယ်ပေးတဲ့အကျင့်လည်းရပ်တန့်လ်ုက်ပါ

အမြဲတန်း အလွယ်တကူကတိမပေးပါနဲ့တော့ ကတိပြီးမဖြစ်နိုင်ရင် သူတပါးလည်းစိတ်ဆင်းရဲရပါတယ် ဥပမာ ငါတစ်ဘဝလုံးမင်းကိုပဲချစ်မယ်တို့ အဲလို့ပါးစပ်ဖျားက ကတိပေးမယ့်အစား တစ်ဖက်သားအပေါ်လက်တွေ့ကောင်းပါ နားလည်ပေးပါ

(၉)အမြဲတန်း No လို့ မငြင်းတတ်တဲ့လူလိမ္မာ အကျင့်ကိုရပ်တန့်လိုက်ပါ

လူတွေဟာ သူတို့ဖက် သူတို့လိုဖြစ်စေချင်ကြတယ် ဒါကြောင့်အမြဲတန်းမင်းကို သူ့တို့ဖက်ပါအောင်စကားလမ်းကြောင်းတတ်ကြတယ် ဒါကြောင့်လ်ုအပ်တဲ့နေရာမှာ No လို့ ငြင်းတတ်ရမယ်

(၁၀)ကိုယ့်ကိုမချစ်တဲ့လူတွေရဲ့စကားကို နားယောင်တတ်တဲ့အကျင့်ရပ်တန့်လိုက်ပါ

မင်းဘာပဲလုပ်လုပ် တချို့လူတွေက မင်းကို မလုပ်ပါနဲ့ ဘာတွေကြောင့် ညာတွေကြောင့် မအောင်မြင်နိုင်ဘူးတို့ လာလာပြီးအပျက်သဘောဆောင်တဲ့စကားတွေလာပြောတတ်မှာပဲ ငါကတော့ မင်းဝါသနာပါတညနဲ့စိတ်ဝင်စားတွေမကန့်ကွက်ပါဘူး။ ဒါကြောင့် ဘာဖြစ်လို့သူတပါးရဲ့စကားကြောင့် မင်းဝါသနာပါတာ စိတ်ဝင်စားတာတွေလုပ်ဖို့ နှောက်နှေးရမှာလဲ

(၁၁)ဖြုန်းတီးတတ်တဲ့အကျင့်တွေ ရပ်တန့်လိုက်ပါ

ထမင်းကိုမကုန်ကခမ်းထည့်တယ် နောက်တော့ သွန်ပစစ်တယ် သွားတိုက်နေစဉ် ရေခလုတ်ကြီးဖွင့်ထားတယ်။လမ်းလျှောက်လို့ သွားလို့ရတဲ့နေရာကို ဆိုင်ကယ် ကားမောင်းသွားတယ် (ဓာတ်ဆီကုန်စေတယ်)ဒါတွေဟာ ဖြန်းတီးနေတာပဲ ဒါတွေတစ်ခုခုလုပ်နေဆဲဆိုရင် မြန်မြန်ရပ်တန့်လိုက်ပါ

(၁၂)အမှိုက် စည်းမရှိကမ်းမရှိလွင့်ပြစ်ခြင်းကို ရပါတန့်လိုက်ပါ

ဖြုန်းတီးနေတဲ့လူပိုတွေကို နဲ့ အမှိုက်လူသားကို ငါအမုန်းဆုံးပဲ နင်းကလမ်းမပေါ်မှာ စက္ကူတစ်ခု ဝါးပြီးသာပီကေလေးတစ်ခု အိတ်လေးတစ်ခုလည်းမလွင့်ပြစ်သင့်ဘူး မင်းလည်းအမှိုက်လူစားဖြစ်ချင်ရင်တော့ မဆိုပါဘူး။အကယ်၍ကမ္ဘာကြီးမှာ လူတွေကအမှိုက်ကိုတစ်ယောက်တစ်ခုလေးလွင့်ပစ်နေမယ်ဆိုရင် စဉ်းစားလ်ုက်ပါ အမှိုက်ကမ္ဘာဖြစ်မသွားဘူးလား။လမ်းမမှာ အော်ဟစ်တာက်ုလဲမထောက်ခံပါဘူး

(၁၃)အမြဲစကားပြောခြင်းကိုလည်းရပ့်တန်လိုက်ပါ

တစ်ခါတစ်ရံတိတ်ဆိတ်နေတတ်ရတယ်(အဓိက သမီးရည်းစား မိသားစု လင်မယာကြားပေါ့ )တစ်ခါတစ်ရံမင်းပြောလိုက်တဲ့စကားကြောင့် အဆင်မပြေမူတွေအများကြီးဖြစ်လာနိုင်တယ် စကားပြောခြင်းကကောင်းပါတယ် ဒါပေမဲ့တစ်ခါတစ်ရံဆိတ်ဆိတ်နေတတ်ရမယ်

(၁၄)အနားမယူတတ်အကျင့်ကိုရပ်တန့်လိုက်ပါ

ဒီနေ့ဘာအခက်အခဲနဲ့ရင်ဆိုင်ရပါစေ ဘာကိစ္စတွေနဲ့ရင်ဆိုင်ရပါစေ ကိုယ့်ကိုခေါင်းအေးအေးထားပြီးခဏလေးဘာမှမတွေးဘဲ အသက်ဝဝရူတတ်တဲ့ပါစေ ဒီလိုလုပ်ခြင်းအားဖြစ် မင်းကို ခွန်အားဖြစ်စေတဲ့အပြင် အကြံကောင်းဉာဏ်ကောင်းလည်းရစေပါတယ်။ဒါမှမဟုတ်ရင် မင်းကိုအမှားများစေပါတယ်

ဘဝတို့လွန်းလှပါတယ် တစ်ခါတစ်ရံဘဝကြီးကို လျှောက်လို့မကုန်နိုင်တဲ့ခရီးတစ်ခုလို့ ငါတို့မြင်မိတယ် တကယ်ဆိုရင် မင်းအခုအသက်ရှင်နေတယ် ခဏနေအတွင်းသေချင်လည်းသေသွားနိုင်တယ် ဒါကြောင့်ဘဝဟာ လတ်တဖျက် ခဏလေးအချိန်ပါပဲ လူအများက သေခါနီးရောက်မှ ကိုယ်ဘဝအဆုံးသတ်တော့မယ်လို့သတိဝင်ပြီး ကိုယ့်ရဲ့အဖြစ်အပျက်တွေကိုစဉ်းစားမိတယ် . . . .

Credit Original up loader

“မကောင်းတာတွေ မစုဆောင်း နဲ့”
KNOWLEDGE
လူတွေသတိမထားမိတဲ့ နည်းလမ်းဖြင့် ဆားရဲ့ အသုံးဝင်ပုံ (၁၄)မျိုး

လူတွေသတိမထားမိတဲ့ နည်းလမ်းဖြင့် ဆားရဲ့ အသုံးဝင်ပုံ (၁၄)မျိုး ဆားကို နှစ်ပေါင်း ၆၀၀၀ကျော်လောက်ထဲက ကောင်းစွာအသုံးပြုခဲ့ကြပါတယ်။ အစားအစာတွေ ချက်ပြုတ်ဖို့အတွက် အစားအစာအမျိုးမျိုးကို ထိန်းသိမ်းဖို့အတွက်၊ မီးလောင်မှုကို ထိန်းချုပ်ဖို့နဲ့ လျော့ချဖို့အတွက် စတဲ့အခြေအနေအမျိုးမျိုးအတွက် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက အစားအစာတွေကို ဘာ့ကြောင့် သယ်ယူပို့ဆောင်နိုင်သလဲဆိုတဲ့ အဓိကအကြောင်းရင်းများထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဆားက နေရာတိုင်းနီးပါးရနိုင်ပြီး ဈေးပေါပါတယ်။ ဆားကို ဒီထက်ပိုပြီး ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုလို့ရသေးသလဲဆိုတာ ကြည့်လိုက်ရအောင်။ ၁။ အဝတ်ဟောင်းတွေကို အရောင်ပြန်တင်တဲ့အခါ အရောင်လွှင့်နေတဲ့ အဝတ်ဟောင်းတွေကို အသစ်လိုတောက်ပသွားအောင် ဆားနဲ့ စမ်းကြည့်နိုင်ပါတယ်။ ဆား ၄ပုံ၁ပုံထည့်ထားတဲ့ ဆားရည်တစ်ခွက်ထဲမှာ သင်အဝတ်တွေကို စိမ်ပါ။ လျှော်ပြီးသွားရင် ရလဒ်တွေက အံသြစရာဖြစ်လာမှာပါ။ ၂။ …

“အက်နေသောအိုး” ( အားသာချက်ကို မြင်တတ် ပါစေ )
KNOWLEDGE

“အက်နေသောအိုး” ( အားသာချက်ကို မြင်တတ် ပါစေ ) ရေထမ်းသူ တစ်ဦးသည် ရေကန်မှ ရေကို အိုးကြီး ၂ လုံးဖြင့် စလွယ် သိုင်းကာ သူတို့ နေထိုင်ရာရပ်ကွက် ထဲတွင် လှည့်လည် ရောင်းချ သည် ။ ယင်းအိုး ၂ လုံးထဲမှ တစ်လုံးတွင် အတန်ငယ်ကြီးသော အက်ကြောင်း တစ်ခု ဖြစ်ပေါ် နေသဖြင့် ရေဖြည့် ပေးသော နေရာသို့ ရောက်သောအခါ ရေအပြည့် မပါဘဲ တစ်ဝက်သာ ပါလာ လေသည် ။ ဤသည်ကို အပြစ်ရှိ သလို ခံစားလာရသော အက်ကွဲကြောင်း ပါသောအိုးက – “သခင် ၊ …

“ဆရာကြီး ဦးအောင်သင်း ပြောတဲ့ စာဖတ်ခြင်း ”
KNOWLEDGE
“ဆရာကြီး ဦးအောင်သင်း ပြောတဲ့ စာဖတ်ခြင်း ”

“ဆရာကြီး ဦးအောင်သင်း ပြောတဲ့ စာဖတ်ခြင်း ” ခွေးတစ်ကောင်ဟာ မီးခဲကို နင်းမိရင် ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေး သွားတာပဲ ဒါပဲ နောက်တစ်ကောင်က ထပ်နင်းမိလည်း ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေး သွားတာပဲ သူနင်းမိလို့ ပူတဲ့ကိစ္စကိုတစ်ခြား ခွေးတွေကို မနင်းမိစေနဲ့ ပူတယ်လို့် မပြောနိုင်ဘူး သူ့ အတွေ့ အကြုံကို လက်ဆင့် မကမ်းနိုင်ဘူး ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ ဘာသာစကား မရှိလို့ ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ ကမ္ဘာဦး အစခွေးတွေ ကနေ ဒီနေ့ခွေးတွေ အထိ ဂိန်! ပဲ တို့တစ်တွေလူတွေ မှာတော့ အဲ့ဒီလို မဟုတ်ဘူး …