
KNOWLEDGE

[Zawgyi]











[Unicode]

သမ္ဗုဒ္ဓေဂါထာလေးအကြောင်း မသိသူတွေအတွက် ဗဟုသုတအဖြစ်ပြောချင်ပါတယ်

သမ္ဗုဒ္ဓေဂါထာတော်က၂၇ခေါက်ကျော်ရင် အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး။ပြိတ္တာကတော ဂါထာအစကြားတာနဲ့ တစ်ချိုးတည်းလစ်ပြေးပါတယ်။ကျောင်းထိုင်ပြတ္တာကြီးတွေ အခြားဂါထာတွေပရိတ်တွေလိုက်ဆိုပြနိုင်ပေမယ့် သမ္ဗုဒ္ဓေစရွတ်တာနဲ့လစ်ပြေးတာပါပဲ။ပြေးတဲ့နောက်ကလိုက်ရွတ်၊သူကိုယ်ရောင်မဖြောက်ပြေးနိုင်ပါဘူး။

သမ္ဗုဒ္ဓေဂါထာတော်တစ်နေ့တစ်ထောင်မကရွတ်ရင် နတ်တွေတိမ်ကြားမင်းတွေထက်တောင်ဘုန်းကြီးလာနိုင်ပီး စိတ်က တောင့်တရင် သူတို့တွေကောင်းကောင်းနေမရပါဘူး။လိုက်ဖြေစည်းပေးရပါတယ်။သမ္ဗုဒ္ဓေဂါထာတော်ဟာနေမင်းကြီးနဲ့တူပါတယ်။သဲစုမကဘုရားတွေရှိခိုးရတာကြောင့် အရမ်းအစွမ်းထက်ကြောင်းအနည်းငယ် ဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်။သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်

(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။

(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။

ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။

(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။

ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။

သမ္ဗုဒ္ဓေ ဘယ်ကရ / Ko Nay Zaw

မိန်းကလေး အများစု မသိသေးတဲ့ ယောင်္ကျားတွေ ဖောက်ပြန်တဲ့ အကြောင်းရင်းများ
KNOWLEDGE
မိန်းကလေး အများစု မသိသေးတဲ့ ယောင်္ကျားတွေ ဖောက်ပြန်တဲ့ အကြောင်းရင်းများ

မိန်းကလေး အများစု မသိသေးတဲ့ ယောင်္ကျားတွေ ဖောက်ပြန်တဲ့ အကြောင်းရင်းများ မယားကြီးကလှရဲ့သားနဲ့ ဒီကောင်မယားငယ်နဲ့ ဖောက်ပြန်တာ တော်တော်လွန်တာပဲ တဲ့။ ဒါအခုတလော အရမ်းဟော့နေတဲ့ ဖြစ်ရပ်လေးတစ်ခုမှာ လူပြောများနေတဲ့ စကားတစ်ခွန်းပေါ့ …။ ကျနော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ် အိမ်ကပေးစားတာမဟုတ်ဘူး ချစ်လို့ယူထားတဲ့ မိန်းမတစ်ယောက်သူ့မှာရှိတယ် တစ်နှစ်ကျော်‌လောက်ပေါင်းပြီး ဒီကောင် နောက်တစ်ယောက်နဲ့ဇယားကပ်ရော …။ ဒီအဖြစ်အပျက်ကမျိုးစောင့်ဥပဒေတွေဘာတွေ မပြဌာန်းခင် လွန်ခဲ့တဲ့ 3နှစ်လောက်အရင်ကပေါ့ မိန်းမကသိတော့ တငိုငိုတရီရီနဲ့ ကွာရှင်းမယ်မပေါင်းဘူးလုပ်ရော၊ သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းကပါ ဒီကောင့်ကို ရွံပြီးလုံးဝလက်မခံတော့ အဲဒီမယားအငယ်လေးနဲ့ တခြားမြို့မှာ လုပ်ကိုင်စားသောက်ပြီးနေတယ် …။ သူ့ပထမမိန်းမက ရိုးရိုးအေးအေး စက်ဆရာမ ကောင်မလေးက အလှကြီးမဟုတ်ပေမယ့် ဖြူဖြူသွယ်သွယ် ရိုးရိုးယဉ်ယဉ် ချစ်စရာလေး၊ နောက်ယူလိုက်တဲ့ …

“သင့် ဘဝအတွက် အရေးကြီးဆုံး မေးခွန်းတစ်ခု”
KNOWLEDGE
“သင့် ဘဝအတွက် အရေးကြီးဆုံး မေးခွန်းတစ်ခု”

“သင့် ဘဝအတွက် အရေးကြီးဆုံး မေးခွန်းတစ်ခု” ကျွန်တော် လူပျို အရွယ်မှာ အတော်လေး ဆိုးသွမ်းပါတယ် ။ ရပ်ကွက် ထဲက လူငယ်တွေနဲ့ ရန်ဖြစ်တယ် ။ ဖဲရိုက်တယ် ။ အရက် သောက်မူး ပြီး ရမ်းတယ် ။ မိဘတွေ လူကြီးတွေ ဆုံးမလို့ မရဘူး ။ မိဘတွေနဲ့ မောင်နှမတွေ အရမ်း စိတ်ဆင်းရဲ နေကြတယ် ။ ဒါပေမဲ့ ကျွန်တော် လုပ် ချင်ရာတွေ လုပ်နေရလို့ ပျော်နေတယ် ။ ကျွန်တော့်ကြောင့် စိတ်ဆင်းရဲ နေသူတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး ။ တစ်ရက်မှာ ကျွန်တော့် ကျောင်းက ဆရာကြီးက …

ယုံကြည်ချက်အတွက် ခိုင်မာတဲ့ အစီစဉ်ချပါ
KNOWLEDGE
ယုံကြည်ချက်အတွက် ခိုင်မာတဲ့ အစီစဉ်ချပါ

ယုံကြည်ချက်အတွက် ခိုင်မာတဲ့ အစီစဉ်ချပါ တစ်ခါက တောင်ကုန်း ပေါ်က ရွာလေးတစ်ရွာမှာ ပါပလို နဲ့ ဘရူနိုဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ရှိကြ ပါတယ် နှစ်ယောက်စလုံးမှာ ကြီးပွား အောင်မြင်ချင်တဲ့ အိမ်မက်တွေ ရှိကြပြီး သူတို့ အချင်းချင်း ငါတို့ အောင်မြင်အောင် ငွေတွေ ရအောင် ဘယ်လိုလုပ်ကြမလဲ အမြဲတိုင်ပင်ကြတယ် ။ တစ်နေ့မှာ စီးပွားရေးနဲ့ပတ် သက်ပြီး ပညာရှင် တစ်ယောက် ရောက်လာပါတယ် ။ ဒါကြောင့် သူတို့နှစ်ဦးလည်း မဆိုင်းမတွ ပညာရှိထံ သွားရောက် တိုင်ပင်ကြတာပေါ့ ကျန်တော့်တို့ငွေတွေရဖို့ ဘယ်လိုလုပ်ရမလဲပေါ့ ပညာရှိကြီးကလဲ ကြိုးစားချင်စိတ်ရှိတဲ့ လူငယ်တွေ ဖြစ်တာကြောင့် တန်ဖိုးရှိတဲ့ စကားလေး တစ်ခွန်း ပြောပြခဲ့တယ် …