ထမင္းစားရင္း ပါရမီျဖည့္မယ္ - SANTHITSA

ထမင္းစားရင္း ပါရမီျဖည့္မယ္

ထမင္းစားရင္း ပါရမီျဖည့္မယ္
KNOWLEDGE

ထမင္းစားရင္း ပါရမီျဖည့္မယ္

ထမင္းစားရင္ ပါရမီျဖည့္တယ္ဆိုလို႔ ၾကားရေတာ့ဘာလဲေပါ့ေနာ္။ ကိုယ္တိုင္လည္းနားမလည္ခဲ့ဘူး၊ ဟိုေန႔ကမွဖတ္ရတဲ့စာအုပ္ ေလးေၾကာင့္သိလိုက္ရတဲ့ ကုသိုလ္ကမနည္းပါလားဆိုၿပီး ေနာင္တရခဲ့ပါတယ္။

အကုန္ေရးရင္ရွည္ေနလိမ့္မယ္ စာဖတ္သူတို႔နားလည္ေအာင္နဲ႔ ျမန္ျမန္သိႏိုင္ေအာင္အတိုခ်ဳပ္ၿပီ ေကာက္ႏုတ္တင္ျပေပးပါမယ္။ ထမင္းစားရာမွာ……..

၁။ သီလနဲ႔စားသုံးျခင္း

၂။ သမထနဲ႔စားသုံးျခင္း

၃။ ဝိပႆနာနဲ႔စားသုံးျခင္း ဆိုၿပီး ၃ မ်ိဳးရွိတယ္။

၁။ သီလနဲ႔စားသုံးျခင္း

ဆြမ္းစားခါနီးမွာ “ဒီဆြမ္းေဘာဇဥ္ေတြကို ျမဴးထူး ေပ်ာ္ပါးဖို႔၊ အသားအေရ လွပတင့္တယ္ဖို႔ စားတာမဟုတ္ဘူး။ကိုယ္ကာယ အရွည္တည္တံ့ဖို႔၊ မဂ္ဖိုလ္အက်င့္ကို က်င့္ႏိုင္ဖို႔၊ ဝိပႆနာတရားကို က်င့္ႏိုင္ဖို႔ စားတာ”လို႔ဆင္ျခင္လိုက္ရင္ ပစၥယသႏၷိႆိတသီလ ျဖစ္သြားပါတယ္။ ဒါဆိုသီလနဲ႔စားလိုက္တာပါ၊ သီလကုသိုလ္ေတြ ရသြားတာေပါ့။

၂။ သမထနဲ႔စားသုံးျခင္း

ရိပ္သာမွာေတာ့ “ဤသည့္စားဖြယ္ အမည္မည္ကို”ဆိုၿပီး စားၾကတာပါ။ လိုရင္းကေတာ့ ဆင္ျခင္ၿပီးစားရင္ သီလနဲ႔စားတာေပါ့။ ဆင္ျခင္လိုက္တာလည္း ဘာမွမခက္ပါဘူး ၊ မိနစ္ပိုင္းေလးပဲရွိတာပါ။ ရိပ္သာမွာ ဆြမ္းစားခါနီး ဆြမ္းအလႉရွင္ေတြ ေဝယ်ာဝစၥ ကုသိုလ္ရွင္ေတြကို ေမတၱာပို႔ၿပီးမွ စားၾကပါတယ္။ေမတၱာပြားတာဟာ သမထဲမွာပါတဲ့အတြက္ သမထနဲ႔စားလိုက္တာပါ။

အိမ္မွာေတာ့ ထမင္းဝိုင္းကိုၾကည့္ၿပီး “ ဒီထမင္းဟင္းေတြ ရွာေပးတဲ့အေဖ ကိုယ္စိတ္ဆင္းရဲကင္းပါေစ၊ အစစအရာရာအဆင္ေျပပါေစ၊ ဒီထမင္းဟင္းကို ခ်က္ေပးတဲ့ အေမကိုယ္စိတ္ဆင္းရဲကင္ပါေစ၊ အစစအရာရာအဆင္ေျပပါေစ” လို႔ေမတၱာပို႔ၿပီး စားလိုက္ရင္ ေမတၱာကုသိုလ္ေတြ ျဖစ္သြားတာေပါ့။ ေမတၱာပြားၿပီး စားတာဟာ သမထနဲ႔ စားလိုက္တာပါ။

ေမတၱာပို႔ၿပီစားလိုက္ေတာ့ မိသားစုစားဝတ္ေနေရးကို ရွာေပးေနတဲ့ မိဘေတြအေပၚမွာလည္း ပိုၿပီးတန္ဖိုးထားတတ္ သြားပါတယ္။ ထမင္းဟင္းေတြ ျဖစ္ဖို႔ ရွာရတဲ့ကိစၥဟာ လြယ္ကူလွတဲ့ ကိစၥေတာ့မဟုပါဘူး။ ေမတၱာပို႔ၿပီး စားတာဟာ ဘာမွလည္းခက္လွတာ မဟုတ္ပါဘူး။ တကယ့္လြယ္လြယ္ေလးပါ၊ ကိုယ္လည္းကုသိုလ္ရ မုန႔္ဖိုးေတာင္းရတာလည္းအဆင္ေျပ အကုန္အဆင္ေျပမူေတြခ်ည္းပါပဲ။

ကိုယ္ကလုပ္ငန္းရွင္ ဆိုရင္လည္း “ဒီထမင္းဟင္းေတြဖစ္ေအာင္ ေက်းဇူးျပဳသူ အားလုံး ကိုယ္ဆင္းရဲကင္းပါေစ၊ စိတ္ဆင္းရဲ ကင္းပါေစ”စသည္ျဖင့္ ေမတၱာပို႔႐ုံပါပဲ။ ဒီထမင္းဟင္းေတြ ျဖစ္ဖို႔ကိုယ့္ကိုေက်းဇူးျပဳ ေနတဲ့သူေတြကို ကိုယ္ပဲ အသိဆုံးပါ၊ ဒီေတာ့ ေက်းဇူးျပဳသူ ေတြကို ေမတၱာပို႔စားရမွာပါပဲ။

၃။ ဝိပႆနာနဲ႔စားသုံးျခင္း

ဒါကေတာ့ ျမတ္စြာဘုရား သေဘာအက်ဆုံး စားနည္းပါပဲ။ ထမင္းစားပြဲ ဝိုင္းထိုင္လိုက္တာနဲ႔ ဟင္းခြက္ကိုၾကည့္ေတာ့ ‘ၾကည့္တယ္’ ျမင္ေတာ့ ‘ ျမင္တယ္’ လွမ္းေတာ့ ‘ လွမ္းတယ္’ ခပ္ေတာ့ ‘ ခပ္တယ္ ‘ ယူေတာ့ ‘ ယူတယ္’
ပါးစပ္ဟေတာ့ ‘ဟတယ္’ ခြံ႕ေတာ့ ‘ခြံ႕တယ္’ ဝါးေတာ့ ‘ဝါးတယ္’မ်ိဳေတာ့ ‘မ်ိဳတယ္’ စသည္ျဖင့္ လိုက္မွတ္တာပါ၊ အဲ့လိုအမွတ္နဲ႔ စားတာဟာ ဝိပႆနာနဲ႔ စားတာပါပဲ။

တစ္နပ္စာ အကုန္လိုက္မွတ္ဖို႔ကေတာ့ မလြယ္ကူဘူးထင္ပါတယ္။ ဒါေပမယ့္ ထမင္းအလုပ္သုံးဆယ္ဆိုရင္ သုံးလုတ္ေလာက္ေတာ့ လိုက္မွတ္မယ္ဆိုရင္ မဆိုးပါဘူး။ တစ္မွတ္ကိုကုသိုလ္တစ္ခ်က္နဲ႔တြက္ရင္လည္းမနည္းပါဘူး။ဧည့္ခံပြဲေတြ မွာလည္းႏွစ္လုတ္ သုံးလုတ္ေလာက္ေတာ့ ရသေလာက္ မွတ္ၾကည့္ရမွာပါပဲ။ ကိုယ္က ဝိပႆနာနဲ႔ စားေနတာကို ေဘးကလူလည္း မသိဘူး။ ထမင္းဝိုင္းမွာလည္း အခ်င္းခ်င္း စကားေျပာသံေတြ ၾကားေတာ့လည္း “ၾကားတယ္ ၾကားတယ္”လို႔ မွတ္႐ုံပါပဲ။

စာဖတ္သူတို႔လည္း ထမင္းစားရင္ကုသိုလ္ ယူႏိုင္က်ပါေစလို႔ ဆုေတာင္းေပးပါတယ္။

#zayar

Unicode

ထမင်းစားရင်း ပါရမီဖြည့်မယ်

ထမင်းစားရင် ပါရမီဖြည့်တယ်ဆိုလို့ ကြားရတော့ဘာလဲပေါ့နော်။ ကိုယ်တိုင်လည်းနားမလည်ခဲ့ဘူး၊ ဟိုနေ့ကမှဖတ်ရတဲ့စာအုပ် လေးကြောင့်သိလိုက်ရတဲ့ ကုသိုလ်ကမနည်းပါလားဆိုပြီး နောင်တရခဲ့ပါတယ်။

အကုန်ရေးရင်ရှည်နေလိမ့်မယ် စာဖတ်သူတို့နားလည်အောင်နဲ့ မြန်မြန်သိနိုင်အောင်အတိုချုပ်ပြီ ကောက်နုတ်တင်ပြပေးပါမယ်။ ထမင်းစားရာမှာ……..

၁။ သီလနဲ့စားသုံးခြင်း

၂။ သမထနဲ့စားသုံးခြင်း

၃။ ဝိပဿနာနဲ့စားသုံးခြင်း ဆိုပြီး ၃ မျိုးရှိတယ်။

၁။ သီလနဲ့စားသုံးခြင်း

ဆွမ်းစားခါနီးမှာ “ဒီဆွမ်းဘောဇဉ်တွေကို မြူးထူး ပျော်ပါးဖို့၊ အသားအရေ လှပတင့်တယ်ဖို့ စားတာမဟုတ်ဘူး။ကိုယ်ကာယ အရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကို ကျင့်နိုင်ဖို့ စားတာ”လို့ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတသီလ ဖြစ်သွားပါတယ်။ ဒါဆိုသီလနဲ့စားလိုက်တာပါ၊ သီလကုသိုလ်တွေ ရသွားတာပေါ့။

၂။ သမထနဲ့စားသုံးခြင်း

ရိပ်သာမှာတော့ “ဤသည့်စားဖွယ် အမည်မည်ကို”ဆိုပြီး စားကြတာပါ။ လိုရင်းကတော့ ဆင်ခြင်ပြီးစားရင် သီလနဲ့စားတာပေါ့။ ဆင်ခြင်လိုက်တာလည်း ဘာမှမခက်ပါဘူး ၊ မိနစ်ပိုင်းလေးပဲရှိတာပါ။ ရိပ်သာမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ ဝေယျာဝစ္စ ကုသိုလ်ရှင်တွေကို မေတ္တာပို့ပြီးမှ စားကြပါတယ်။မေတ္တာပွားတာဟာ သမထဲမှာပါတဲ့အတွက် သမထနဲ့စားလိုက်တာပါ။

အိမ်မှာတော့ ထမင်းဝိုင်းကိုကြည့်ပြီး “ ဒီထမင်းဟင်းတွေ ရှာပေးတဲ့အဖေ ကိုယ်စိတ်ဆင်းရဲကင်းပါစေ၊ အစစအရာရာအဆင်ပြေပါစေ၊ ဒီထမင်းဟင်းကို ချက်ပေးတဲ့ အမေကိုယ်စိတ်ဆင်းရဲကင်ပါစေ၊ အစစအရာရာအဆင်ပြေပါစေ” လို့မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ်တွေ ဖြစ်သွားတာပေါ့။ မေတ္တာပွားပြီး စားတာဟာ သမထနဲ့ စားလိုက်တာပါ။

မေတ္တာပို့ပြီစားလိုက်တော့ မိသားစုစားဝတ်နေရေးကို ရှာပေးနေတဲ့ မိဘတွေအပေါ်မှာလည်း ပိုပြီးတန်ဖိုးထားတတ် သွားပါတယ်။ ထမင်းဟင်းတွေ ဖြစ်ဖို့ ရှာရတဲ့ကိစ္စဟာ လွယ်ကူလှတဲ့ ကိစ္စတော့မဟုပါဘူး။ မေတ္တာပို့ပြီး စားတာဟာ ဘာမှလည်းခက်လှတာ မဟုတ်ပါဘူး။ တကယ့်လွယ်လွယ်လေးပါ၊ ကိုယ်လည်းကုသိုလ်ရ မုန့်ဖိုးတောင်းရတာလည်းအဆင်ပြေ အကုန်အဆင်ပြေမူတွေချည်းပါပဲ။

ကိုယ်ကလုပ်ငန်းရှင် ဆိုရင်လည်း “ဒီထမင်းဟင်းတွေဖစ်အောင် ကျေးဇူးပြုသူ အားလုံး ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ”စသည်ဖြင့် မေတ္တာပို့ရုံပါပဲ။ ဒီထမင်းဟင်းတွေ ဖြစ်ဖို့ကိုယ့်ကိုကျေးဇူးပြု နေတဲ့သူတွေကို ကိုယ်ပဲ အသိဆုံးပါ၊ ဒီတော့ ကျေးဇူးပြုသူ တွေကို မေတ္တာပို့စားရမှာပါပဲ။

၃။ ဝိပဿနာနဲ့စားသုံးခြင်း

ဒါကတော့ မြတ်စွာဘုရား သဘောအကျဆုံး စားနည်းပါပဲ။ ထမင်းစားပွဲ ဝိုင်းထိုင်လိုက်တာနဲ့ ဟင်းခွက်ကိုကြည့်တော့ ‘ကြည့်တယ်’ မြင်တော့ ‘ မြင်တယ်’ လှမ်းတော့ ‘ လှမ်းတယ်’ ခပ်တော့ ‘ ခပ်တယ် ‘ ယူတော့ ‘ ယူတယ်’
ပါးစပ်ဟတော့ ‘ဟတယ်’ ခွံ့တော့ ‘ခွံ့တယ်’ ဝါးတော့ ‘ဝါးတယ်’မျိုတော့ ‘မျိုတယ်’ စသည်ဖြင့် လိုက်မှတ်တာပါ၊ အဲ့လိုအမှတ်နဲ့ စားတာဟာ ဝိပဿနာနဲ့ စားတာပါပဲ။

တစ်နပ်စာ အကုန်လိုက်မှတ်ဖို့ကတော့ မလွယ်ကူဘူးထင်ပါတယ်။ ဒါပေမယ့် ထမင်းအလုပ်သုံးဆယ်ဆိုရင် သုံးလုတ်လောက်တော့ လိုက်မှတ်မယ်ဆိုရင် မဆိုးပါဘူး။ တစ်မှတ်ကိုကုသိုလ်တစ်ချက်နဲ့တွက်ရင်လည်းမနည်းပါဘူး။ဧည့်ခံပွဲတွေ မှာလည်းနှစ်လုတ် သုံးလုတ်လောက်တော့ ရသလောက် မှတ်ကြည့်ရမှာပါပဲ။ ကိုယ်က ဝိပဿနာနဲ့ စားနေတာကို ဘေးကလူလည်း မသိဘူး။ ထမင်းဝိုင်းမှာလည်း အချင်းချင်း စကားပြောသံတွေ ကြားတော့လည်း “ကြားတယ် ကြားတယ်”လို့ မှတ်ရုံပါပဲ။

စာဖတ်သူတို့လည်း ထမင်းစားရင်ကုသိုလ် ယူနိုင်ကျပါစေလို့ ဆုတောင်းပေးပါတယ်။

# zayar

လှေကားထစ် အရေအတွက် မ ဂဏန်း ဘာကြောင့် ထားကြပါလဲ
KNOWLEDGE
လှေကားထစ် အရေအတွက် မ ဂဏန်း ဘာကြောင့် ထားကြပါလဲ

လှေကားထစ် အရေအတွက် မ ဂဏန်း ဘာကြောင့် ထားကြပါလဲ လှေကားထစ် အရေအတွက် စုံ မထားရလို့ ကြားဖူးကြမှာပါ။ လှေကားထစ် အရေအတွက် စုံထားရင် ခိုက်တတ်ပါတယ်။ ဘာကြောင့် ခိုက်လဲဆိုတာ က လူ့သဘာဝကြောင့်ပါ။ လူဆိုတာ ကိုယ်စလှမ်းတဲ့ ခြေနဲ့ ခြေလှမ်း ပြန်‌ဆုံးတတ်ပါတယ်။ ဥပမာ ညာခြေနဲ့ စလှမ်းရင် ညာခြေဆီ ဘယ်ခြေလာပြီး အဆုံးသတ်ပါတယ်။ ညာနဲ့စရင် ညာနဲ့ ဆုံးပါတယ်။ အဲဒီလိုပဲ ဘယ်နဲ့စရင် ဘယ်နဲ့ ဆုံးပါတယ်။ မယုံရင် ကိုယ့်ဘာသာ တမင်သက်သက် လုပ်မယူပဲ လှမ်းကြည့်ပါ။ ညာနဲ့စ ညာနဲ့ဆုံးလို့ ခြေလှမ်းရေ အရေအတွက်က မ ဖြစ်ပါတယ်။ ဘယ်နဲ့စလဲ အတူတူပါပဲ။ …

ချမ်းသာကြွယ်ဝလာနိုင်တဲ့ လက္ခဏာများ...
KNOWLEDGE
ချမ်းသာကြွယ်ဝလာနိုင်တဲ့ လက္ခဏာများ…

ချမ်းသာကြွယ်ဝလာနိုင်တဲ့ လက္ခဏာများ… သင့်ရဲ့ ရုပ်ရည်သွင်ပြင်၊ အရပ်အမောင်း၊ ဆံပင်အရောင်ကိုကြည့်ပြီး တစ်ချိန်ချိန်မှာ ချမ်းသာလာနိုင်မလား ခန့်မှန်လို့ ရမယ်ဆိုရင် အနာဂတ်ကို ကြိုသိချင်ပါသလား။ ဟုတ်ပါတယ်။ သင့်ရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ရုံနဲ့ ချမ်းသာလာမှာလားဆိုတာ မပြောနိုင်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ကြည့်ရင်တော့ ချမ်းသာလာမလားဆိုတာ သိရနိုင်ပါတယ်။ အလုပ်ကို ကြိုးကြိုးစားစားလုပ်တတ်သူတွေ၊ ရည်ရွယ်ချက်ကြီးသူတွေနဲ့ ပွင့်လင်းတဲ့ စိတ်သဘောထားရှိသူတွေဟာ အောင်မြင်နိုင်ချေပိုများပါတယ်။ ဒါ့အပြင် သင့်ရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်တဲ့ အခြားလက္ခဏာ လေးခုရှိပါတယ်။ သင့်မှာ ဒီလက္ခဏာလေးခုရှိတယ်ဆိုရင် တစ်နေ့မှာ ချမ်းသာလာဖို့ ခိုင်လုံတဲ့အခွင့်အရေးရှိပါတယ်။ ဒီလက္ခဏာတွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ပါ။ လက္ခဏာ (၁) – ငယ်ငယ်ကတည်းက လုပ်ငန်းရှင်စိတ်ဓာတ်ရှိတယ် တစ်နေ့မှာ ချမ်းသာလာနိုင်မယ့် …

ဖုန်းသုံးသူတိုင်းသိထားသင့်တဲ့ ဖုန်းလေးလံခြင်းကို ဖြေရှင်းပေးနိုင်မယ့် အချက်များ
KNOWLEDGE
ဖုန်းသုံးသူတိုင်းသိထားသင့်တဲ့ ဖုန်းလေးလံခြင်းကို ဖြေရှင်းပေးနိုင်မယ့် အချက်များ

ဖုန်းသုံးသူတိုင်းသိထားသင့်တဲ့ ဖုန်းလေးလံခြင်းကို ဖြေရှင်းပေးနိုင်မယ့် အချက်များ ၁. နေရာလွတ်ပြည့်နေခြင်း Storage 16GB လောက်ကို 500MB လောက်ပဲ ကျန်အောင် ပြွတ်သိပ်သွင်းထားမယ်ဆိုရင်တော့ သင့်ဖုန်းလေးလံလာမှာအမှန်ပါပဲ။ ဖုန်းထဲမှာ ရှိနေတဲ့ App cache တွေကလည်း နေရာအများကြီးယူပါတယ်။ ဒီတော့ အသုံးမလိုတဲ့ App တွေကိုဖျက်ပစ်ပါ။ Junk File တွေ Cache file တွေကို နေ့စဉ် ဖုန်းမှာ နဂိုပာဝင်တဲ့ Cleaner နဲ့ရှင်းလင်းပေးပါ။ ၂. Live wallpaper Live wallpaper တွေဟာ background မှာ အစဉ်အမြဲအလုပ်လုပ်နေတာဖြစ်တဲ့အတွက် Ram ထဲမှာ တစ်ချိန်လုံးနေရာယူထားပြီး ဘတ္တရီကိုလည်း အချိန်နဲ့အမျှစားသုံးနေပါတယ်။ ဒီတော့ …