အိမ္ေထာင္ေရးမွာ သားသမီးက ခ်ည္တိုင္ မဟုတ္ဘူး ဆိုတဲ့ ျမႏွင္းရည္လြင္

Cele new

အိမ္ေထာင္ေရးမွာ သားသမီးက ခ်ည္တိုင္ မဟုတ္ဘူး ဆိုတဲ့ ျမႏွင္းရည္လြင္

႐ုပ္သံဇာတ္လမ္းတြဲကေန မတူတဲ့ ဇာတ္႐ုပ္ေတြနဲ႔ ပရိသတ္ ပိုသိလာတဲ့ သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္ နဲ႔ ေတြ႕ဆုံခိုက္ သူမရဲ႕ အႏုပညာေရး အိမ္ေထာင္ေရးကို ေမးျမန္း ျဖစ္ခဲ့ပါတယ္ ။
ေမး – လတ္တေလာ အႏုပညာလႈပ္ရွားမႈကို ေျပာပါအုံး ။

ေျဖ – လတ္တေလာမွာက မာယာလွည့္ကြက္ ဇာတ္လမ္းတြဲကို MRTB4 နဲ႔ ႐ိုက္ထားတယ္ ။ ေနာက္ၿပီး Program အတိုေလးေတြ ေၾကာ္ျငာ ေလးေတြ ႐ိုက္ျဖစ္တယ္ ။ အခုေနာက္ပိုင္း ဇာတ္႐ုပ္ နည္းသည္ ျဖစ္ေစ မ်ားသည္ ျဖစ္ေစ ႐ိုက္ျဖစ္ေနေတာ့ ကိုယ္က ဆက္တိုက္ဆိုသလို မ်ိဳးပဲ လူကို မွတ္မိသြားတာေပါ့ ။
ေမး – ဇာတ္လမ္းတြဲ ဘယ္ေလာက္မ်ား ႐ိုက္ၿပီးသြားၿပီလဲ ၊ ကာ႐ိုက္တာေရာ ဘယ္လို ေ႐ြးခ်ယ္ျဖစ္လဲ

ေျဖ – ဇာတ္လမ္းတြဲက ဆယ္ကားေက်ာ္ေလာက္ ႐ိုက္ၿပီးသြားၿပီ ကာ႐ိုက္တာကေတာ့ သူတို႔ဘက္က စၿပီး ကမ္းလွမ္းကတည္းက ဘယ္လို ကာ႐ိုက္တာ သ႐ုပ္ေဆာင္ရမယ္ ေျပာတယ္ ။ ျမႏွင္းက နားေထာင္ၾကည့္ၿပီး ႀကိဳက္ရင္ လက္ခံ လိုက္တယ္ ။
ေမး – ဘယ္လို ကာ႐ိုက္တာေတြ အမ်ားစုကို ႐ိုက္ျဖစ္လဲ ။ ဘယ္ အပိုင္းကို ပို အားသန္လဲ ။

ေျဖ – ကာ႐ိုက္တာ အမ်ားဆုံး ႐ိုက္ျဖစ္တာက ဗီလိန္ ပုံစံေပါ့ ဇာတ္႐ုပ္က တစ္ကားနဲ႔ တစ္ကား မတူဘူး ။ တစ္ခါတစ္ေလ သနားစရာ ေကာင္းေပမယ့္ ေနာက္ပိုင္း လူၾကမ္း ျဖစ္သြားတာ မ်ိဳးေပါ့ ။ ဘန႔္ ဆန္ဆန္ေပါ့ ၊ အခုေနာက္ဆုံး ျပခဲ့တဲ့ အခန္း နံပတ္ မွာ ဆုထက္ ဆိုရင္လည္း ပုံစံ တစ္မ်ိဳး ၊ ေငြစကၠဴဆိုလည္း တစ္မ်ိဳးေပါ့ ။ ေလာေလာဆယ္ေတာ့ ဒရမ္မာ ႐ိုက္ရတာကို ပိုၿပီး အားသန္ေနပါတယ္ ။
ေမး – ကားႀကီးဘက္ေရာ ႐ိုက္ျဖစ္လား ။

ေျဖ – ႐ုပ္ရွင္ ကားႀကီးက ဧည့္သည္ သ႐ုပ္ေဆာင္ အေနနဲ႔ ႐ိုက္ထားတာ ၂ ကား ရွိတယ္ ။ ေနာက္ထပ္ ထပ္႐ိုက္ဖို႔က ေျပာထားတယ္ ။ Confirm မျဖစ္ေသးလို႔ပါ ျဖစ္ရင္ေတာ့ ေျပာျပလို႔ ရပါတယ္ ။
ေမး – အပ်ိဳတုန္းကထက္ ပိုၿပီး အႏုပညာ အလုပ္ေတြ လုပ္ရတယ္ေနာ္ ။ တစ္ခ်ိဳ႕က အိမ္ေထာင္က်ၿပီးရင္ အႏုပညာ မလုပ္ၾကဘူး ။ ျမႏွင္းက ေျပာင္းျပန္ပဲ အဲ့ဒါ ခင္ပြန္းသည္ ေၾကာင့္လား ။

ေျဖ – ဟုတ္တယ္ ။ အပ်ိဳတုန္းက ငယ္လည္း ငယ္တယ္ စိတ္ကလည္း မထားတတ္ေတာ့ တစ္ခုခုဆိုရင္ မလုပ္ေတာ့ဘူး ဆိုၿပီး အလုပ္ေတြကို ျငင္းလိုက္တာ ။ ေနာက္ အဲ့တုန္းက ကိုယ့္ကို အသိုင္းအဝိုင္း တစ္ခု ေလာက္ကပဲ သိတာေလ ။ အခုက်ေတာ့ အမ်ိဳးသားက ၁၀၀ % လုပ္ေစ ခ်စ္သူဆိုေတာ့ အခုေနာက္ပိုင္း အလုပ္လုပ္ရတာ ပိုအားရတယ္ ။ ေနာက္သူနဲ႔က သူငယ္ခ်င္းေန ညားတာဆိုေတာ့ ကိုယ့္စိတ္ကို သူ အားလုံး သိတယ္ ။ အလုပ္နဲ႔ ပတ္သတ္ၿပီး စိတ္ေကာက္တာ သဝန္တိုတာမ်ိဳး မရွိဘူး ၊ ဒါေၾကာင့္ အလုပ္လုပ္ရတာ Mood ဝင္တာက အစ လုပ္ရတာ အဆင္ေျပတယ္ ။ ေနာက္ အရင္က အပ်ိဳေလးဆိုေတာ့ ကိုယ့္ကို စေနာက္ရင္ မႀကိဳက္မွာ စိုးရတယ္ အခုက်ေတာ့ ႀကိဳက္သလို ေနာက္လည္း သူက နားလည္ေပးေတာ့ ျမႏွင္းအတြက္ ပရိသတ္နဲ႔ ထိေတြ႕တဲ့ ေနရာမွာ Index ျဖစ္ပါတယ္ ။
ေမး – အိမ္ေထာင္က်ၿပီးမွ ပိုလွလာတာလည္း ေျပာပါအုံး ။

ေျဖ – ျမႏွင္းက အပ်ိဳတုန္းက ျပည့္ျပည့္ ၿဖိဳးၿဖိဳးေလး အဆီမ်ားတဲ့ထဲ ပါတယ္ ။ ဒီၾကားထဲ ၂ ႏွစ္ေလာက္ကို သြားက သြားတက္ရွိေတာ့ သြားညႇိလိုက္ေသးတယ္ ။ ၿပီးေတာ့ ေမး႐ိုး နည္းနည္း ျပင္တယ္ ။ ပိန္ဖို႔ကေတာ့ အခ်ိန္ေတာ္ေတာ္ ယူရတယ္ ။ အဆီမ်ားတာေတြကို အခ်ိန္ေတာ္ေတာ္ၾကာၾကာ ေလ်ာ့စားရတယ္ ။ ညစာက အစ ေလ်ာ့စားတာမ်ိဳး လုပ္လာတယ္ေပါ့ ။ မ်က္ႏွာ အတြက္ကေတာ့ ဒီဘက္ေခတ္ အရ ေဆးေတြ ဘာေတြ ထိုးတာတို႔ လုပ္တာေပါ့ ။
ေမး – တစ္ခ်ိဳ႕ အိမ္ေထာင္ေရးမွာ သားသမီးက ခ်ည္တိုင္ အျဖစ္ ရွိေနၾကတယ္ ။ ျမႏွင္းတို႔ အတြဲက်ေတာ့ ေအးေဆးပဲ အိမ္ေထာင္ေရး သာယာခိုင္ၿမဲရတဲ့ အေၾကာင္း ေျပာပါအုံး ။

ေျဖ – ျမႏွင္းတို႔ ႏွစ္ေယာက္အတြက္ ခံယူမႈက ယုံၾကည္မႈပါ ။ ကေလးရွိလဲ တစ္ခ်ိဳ႕ေတြ ေဖာက္ျပန္ေနၾကတာပါပဲေလ ။ ေဖာက္ျပန္ခ်င္တဲ့ ေယာက္က်ား ျဖစ္ျဖစ္ မိန္းမ ျဖစ္ျဖစ္ ေဖာက္ျပန္ခ်င္သူက ေဖာက္ျပန္မွာပဲ ကေလးရွိေနမွ မဟုတ္ဘူး ။ ျမႏွင္းတို႔ အတြက္က ကေလးက ရရမယ္လို႔ မေတြးထားဘူး ။ အဲ့ေတာ့ ျမႏွင္းတို႔ အတြက္က ကေလး ကိစၥကို ေခါင္းထဲ မထည့္ဘူး ။ ျမႏွင္းအတြက္ေတာင္ အလုပ္ေတြ လုပ္တဲ့အခါ ေနာက္ဆံ မတင္း ရေတာ့ဘူး ။ ဒါေပမယ့္ အခု ေခြးေမြးထားတာ သူက ပိုဆိုးေနတယ္ လူလိုမွာလို႔လည္း မရဘူး ၊ သူ႔ကို ေနာက္ဆံ တင္းေနရတယ္ ။ အဲ့ေတာ့ သူက ျမႏွင္းတို႔ အတြက္ ခ်ည္တိုင္လို ျဖစ္ေနတယ္ ။
ေမး – သီခ်င္းဘက္ကို စိတ္ဝင္စားလား ၊ ဂီတနဲ႔ ပတ္သက္ၿပီး လႈပ္ရွားတာ သိပ္မေတြ႕ရဘူးေနာ္ ။

ေျဖ – သီခ်င္းနဲ႔ ပတ္သက္ရင္ ကိုယ့္ကိုယ္ကို Confidence မရွိတာပါ ။ သီခ်င္း မဆိုဖူးဘူး ၊ ဘဝမွာ တစ္ပုဒ္ေလာက္ေတာ့ ထုတ္ၿပီး ဆိုမယ္လို႔ စိတ္ကူးထားပါတယ္ ။
ေမး – ေမးတာလဲ စုံသေလာက္ ျဖစ္ၿပီဆိုေတာ့ ပရိသတ္ကို ဘာမ်ား ေျပာခ်င္ေသးလဲ ။

ေျဖ – ျမႏွင္း ဇာတ္ကားေတြ ႐ိုက္ဖို႔ ရွိေသးတယ္ ။ ႐ိုက္ထားတာေတြလဲ ထြက္ဖို႔ ရွိတယ္ ။ အဲ့ အခါက်ရင္ အားေပးပါလို႔ ေျပာခ်င္ ပါတယ္ ။

ေမးျမန္းသူ ဝါးဝါးေလး

ဓာတ္ပုံ ျမႏွင္းရည္လြင္ေဖ့ဘြတ္ခ္

Unicode
အိမ်ထောင်ရေးမှာ သားသမီးက ချည်တိုင် မဟုတ်ဘူး ဆိုတဲ့ မြနှင်းရည်လွင်

ရုပ်သံဇာတ်လမ်းတွဲကနေ မတူတဲ့ ဇာတ်ရုပ်တွေနဲ့ ပရိသတ် ပိုသိလာတဲ့ သရုပ်ဆောင် မြနှင်းရည်လွင် နဲ့ တွေ့ဆုံခိုက် သူမရဲ့ အနုပညာရေး အိမ်ထောင်ရေးကို မေးမြန်း ဖြစ်ခဲ့ပါတယ် ။
မေး – လတ်တလော အနုပညာလှုပ်ရှားမှုကို ပြောပါအုံး ။

ဖြေ – လတ်တလောမှာက မာယာလှည့်ကွက် ဇာတ်လမ်းတွဲကို MRTB4 နဲ့ ရိုက်ထားတယ် ။ နောက်ပြီး Program အတိုလေးတွေ ကြော်ငြာ လေးတွေ ရိုက်ဖြစ်တယ် ။ အခုနောက်ပိုင်း ဇာတ်ရုပ် နည်းသည် ဖြစ်စေ များသည် ဖြစ်စေ ရိုက်ဖြစ်နေတော့ ကိုယ်က ဆက်တိုက်ဆိုသလို မျိုးပဲ လူကို မှတ်မိသွားတာပေါ့ ။
မေး – ဇာတ်လမ်းတွဲ ဘယ်လောက်များ ရိုက်ပြီးသွားပြီလဲ ၊ ကာရိုက်တာရော ဘယ်လို ရွေးချယ်ဖြစ်လဲ

ဖြေ – ဇာတ်လမ်းတွဲက ဆယ်ကားကျော်လောက် ရိုက်ပြီးသွားပြီ ကာရိုက်တာကတော့ သူတို့ဘက်က စပြီး ကမ်းလှမ်းကတည်းက ဘယ်လို ကာရိုက်တာ သရုပ်ဆောင်ရမယ် ပြောတယ် ။ မြနှင်းက နားထောင်ကြည့်ပြီး ကြိုက်ရင် လက်ခံ လိုက်တယ် ။
မေး – ဘယ်လို ကာရိုက်တာတွေ အများစုကို ရိုက်ဖြစ်လဲ ။ ဘယ် အပိုင်းကို ပို အားသန်လဲ ။

ဖြေ – ကာရိုက်တာ အများဆုံး ရိုက်ဖြစ်တာက ဗီလိန် ပုံစံပေါ့ ဇာတ်ရုပ်က တစ်ကားနဲ့ တစ်ကား မတူဘူး ။ တစ်ခါတစ်လေ သနားစရာ ကောင်းပေမယ့် နောက်ပိုင်း လူကြမ်း ဖြစ်သွားတာ မျိုးပေါ့ ။ ဘန့် ဆန်ဆန်ပေါ့ ၊ အခုနောက်ဆုံး ပြခဲ့တဲ့ အခန်း နံပတ် မှာ ဆုထက် ဆိုရင်လည်း ပုံစံ တစ်မျိုး ၊ ငွေစက္ကူဆိုလည်း တစ်မျိုးပေါ့ ။ လောလောဆယ်တော့ ဒရမ်မာ ရိုက်ရတာကို ပိုပြီး အားသန်နေပါတယ် ။
မေး – ကားကြီးဘက်ရော ရိုက်ဖြစ်လား ။

ဖြေ – ရုပ်ရှင် ကားကြီးက ဧည့်သည် သရုပ်ဆောင် အနေနဲ့ ရိုက်ထားတာ ၂ ကား ရှိတယ် ။ နောက်ထပ် ထပ်ရိုက်ဖို့က ပြောထားတယ် ။ Confirm မဖြစ်သေးလို့ပါ ဖြစ်ရင်တော့ ပြောပြလို့ ရပါတယ် ။
မေး – အပျိုတုန်းကထက် ပိုပြီး အနုပညာ အလုပ်တွေ လုပ်ရတယ်နော် ။ တစ်ချို့က အိမ်ထောင်ကျပြီးရင် အနုပညာ မလုပ်ကြဘူး ။ မြနှင်းက ပြောင်းပြန်ပဲ အဲ့ဒါ ခင်ပွန်းသည် ကြောင့်လား ။

ဖြေ – ဟုတ်တယ် ။ အပျိုတုန်းက ငယ်လည်း ငယ်တယ် စိတ်ကလည်း မထားတတ်တော့ တစ်ခုခုဆိုရင် မလုပ်တော့ဘူး ဆိုပြီး အလုပ်တွေကို ငြင်းလိုက်တာ ။ နောက် အဲ့တုန်းက ကိုယ့်ကို အသိုင်းအဝိုင်း တစ်ခု လောက်ကပဲ သိတာလေ ။ အခုကျတော့ အမျိုးသားက ၁၀၀ % လုပ်စေ ချစ်သူဆိုတော့ အခုနောက်ပိုင်း အလုပ်လုပ်ရတာ ပိုအားရတယ် ။ နောက်သူနဲ့က သူငယ်ချင်းနေ ညားတာဆိုတော့ ကိုယ့်စိတ်ကို သူ အားလုံး သိတယ် ။ အလုပ်နဲ့ ပတ်သတ်ပြီး စိတ်ကောက်တာ သဝန်တိုတာမျိုး မရှိဘူး ၊ ဒါကြောင့် အလုပ်လုပ်ရတာ Mood ဝင်တာက အစ လုပ်ရတာ အဆင်ပြေတယ် ။ နောက် အရင်က အပျိုလေးဆိုတော့ ကိုယ့်ကို စနောက်ရင် မကြိုက်မှာ စိုးရတယ် အခုကျတော့ ကြိုက်သလို နောက်လည်း သူက နားလည်ပေးတော့ မြနှင်းအတွက် ပရိသတ်နဲ့ ထိတွေ့တဲ့ နေရာမှာ Index ဖြစ်ပါတယ် ။
မေး – အိမ်ထောင်ကျပြီးမှ ပိုလှလာတာလည်း ပြောပါအုံး ။

ဖြေ – မြနှင်းက အပျိုတုန်းက ပြည့်ပြည့် ဖြိုးဖြိုးလေး အဆီများတဲ့ထဲ ပါတယ် ။ ဒီကြားထဲ ၂ နှစ်လောက်ကို သွားက သွားတက်ရှိတော့ သွားညှိလိုက်သေးတယ် ။ ပြီးတော့ မေးရိုး နည်းနည်း ပြင်တယ် ။ ပိန်ဖို့ကတော့ အချိန်တော်တော် ယူရတယ် ။ အဆီများတာတွေကို အချိန်တော်တော်ကြာကြာ လျော့စားရတယ် ။ ညစာက အစ လျော့စားတာမျိုး လုပ်လာတယ်ပေါ့ ။ မျက်နှာ အတွက်ကတော့ ဒီဘက်ခေတ် အရ ဆေးတွေ ဘာတွေ ထိုးတာတို့ လုပ်တာပေါ့ ။
မေး – တစ်ချို့ အိမ်ထောင်ရေးမှာ သားသမီးက ချည်တိုင် အဖြစ် ရှိနေကြတယ် ။ မြနှင်းတို့ အတွဲကျတော့ အေးဆေးပဲ အိမ်ထောင်ရေး သာယာခိုင်မြဲရတဲ့ အကြောင်း ပြောပါအုံး ။

ဖြေ – မြနှင်းတို့ နှစ်ယောက်အတွက် ခံယူမှုက ယုံကြည်မှုပါ ။ ကလေးရှိလဲ တစ်ချို့တွေ ဖောက်ပြန်နေကြတာပါပဲလေ ။ ဖောက်ပြန်ချင်တဲ့ ယောက်ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် ဖောက်ပြန်ချင်သူက ဖောက်ပြန်မှာပဲ ကလေးရှိနေမှ မဟုတ်ဘူး ။ မြနှင်းတို့ အတွက်က ကလေးက ရရမယ်လို့ မတွေးထားဘူး ။ အဲ့တော့ မြနှင်းတို့ အတွက်က ကလေး ကိစ္စကို ခေါင်းထဲ မထည့်ဘူး ။ မြနှင်းအတွက်တောင် အလုပ်တွေ လုပ်တဲ့အခါ နောက်ဆံ မတင်း ရတော့ဘူး ။ ဒါပေမယ့် အခု ခွေးမွေးထားတာ သူက ပိုဆိုးနေတယ် လူလိုမှာလို့လည်း မရဘူး ၊ သူ့ကို နောက်ဆံ တင်းနေရတယ် ။ အဲ့တော့ သူက မြနှင်းတို့ အတွက် ချည်တိုင်လို ဖြစ်နေတယ် ။
မေး – သီချင်းဘက်ကို စိတ်ဝင်စားလား ၊ ဂီတနဲ့ ပတ်သက်ပြီး လှုပ်ရှားတာ သိပ်မတွေ့ရဘူးနော် ။

ဖြေ – သီချင်းနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကို Confidence မရှိတာပါ ။ သီချင်း မဆိုဖူးဘူး ၊ ဘဝမှာ တစ်ပုဒ်လောက်တော့ ထုတ်ပြီး ဆိုမယ်လို့ စိတ်ကူးထားပါတယ် ။
မေး – မေးတာလဲ စုံသလောက် ဖြစ်ပြီဆိုတော့ ပရိသတ်ကို ဘာများ ပြောချင်သေးလဲ ။

ဖြေ – မြနှင်း ဇာတ်ကားတွေ ရိုက်ဖို့ ရှိသေးတယ် ။ ရိုက်ထားတာတွေလဲ ထွက်ဖို့ ရှိတယ် ။ အဲ့ အခါကျရင် အားပေးပါလို့ ပြောချင် ပါတယ် ။

နန္းစႏၵာလွထြန္းကို ေလးစားရတဲ့ အေၾကာင္းကို ဖြင့္ထုတ္ေျပာျပလိုက္တဲ့ ျခဴးေလး
Cele new
နန္းစႏၵာလွထြန္းကို ေလးစားရတဲ့ အေၾကာင္းကို ဖြင့္ထုတ္ေျပာျပလိုက္တဲ့ ျခဴးေလး

နန္းစႏၵာလွထြန္းကို ေလးစားရတဲ့ အေၾကာင္းကို ဖြင့္ထုတ္ေျပာျပလိုက္တဲ့ ျခဴးေလး ယခုေနာက္ပိုင္း ဇာတ္လမ္းတြဲေတြကေန တဆင့္ ပရိသတ္ အသိအမွတ္ျပဳ အားေပးျခင္း ခံလာရတဲ့ မင္းသမီးေခ်ာေလး ျခဴးေလးကိုေတာ့ သိၾကမယ္ထင္ပါတယ္။ ဇာတ္လမ္းတြဲေတြရဲ႕ က်ရာဇာတ္႐ုပ္မွာ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္လည္း ပိုပိုၿပီး ေအာင္ျမင္လာကာ ပရိသတ္အားေပးျခင္း ကို ခံေနရတာ ျဖစ္ပါတယ္။ ျခဴးေလးကေတာ့ ကေလးေလး တေယာက္လို ခ်စ္စရာ ေကာင္းလြန္းတာေၾကာင့္ ပုရိသေတြ ဝန္းရံျခင္းကို ခံေနရတာ ျဖစ္ပါတယ္။ ျခဴးေလးကေတာ့ သူ႔ရဲ႕ပရိသတ္ေတြအတြက္ အၿမဲတမ္းလိုလို ဓာတ္ပုံေတြ ဗီဒီယိုေလးေတြ တင္ေပးတတ္ၿပီး သူ႔ရဲ႕ ဗီဒီယိုေတြကလည္း ပရိသတ္ အားေပး ဝန္းရံျခင္းကို ခံေနရတာ ျဖစ္ပါတယ္။ သူငယ္ခ်င္း နန္းစႏၵာလွထြန္း ပါဝင္ထားတဲ့ …

Corona virus နဲ႔ပက္သတ္ၿပီး အေျပာင္အပ်က္ လုပ္သူမ်ားကို ျပင္းျပင္းထန္ထန္ ရႈံ႕ခ်လိုက္တဲ့ Sinon Loresca
Cele new
Corona virus နဲ႔ပက္သတ္ၿပီး အေျပာင္အပ်က္ လုပ္သူမ်ားကို ျပင္းျပင္းထန္ထန္ ရႈံ႕ခ်လိုက္တဲ့ Sinon Loresca

Corona virus နဲ႔ပက္သတ္ၿပီး အေျပာင္အပ်က္ လုပ္သူမ်ားကို ျပင္းျပင္းထန္ထန္ ရႈံ႕ခ်လိုက္တဲ့ Sinon Loresca ဖိလစ္ပိုင္ LGBT ေမာ္ဒယ္တစ္ဦးျဖစ္တဲ့ Sinon Loresca က ျမန္မာပရိသတ္ေတြရဲ႕ ႏွလုံးသား ကို သိမ္းပိုက္ထားတဲ့ သူတစ္ဦးပါ။ စိတ္သေဘာထား ေကာင္းတာထက္ ပိုေအာင္ လူသားခ်င္း စာနာတတ္တဲ့ ႏွလုံးသားပိုင္ရွင္ တစ္ေယာက္ ျဖစ္တာေၾကာင့္ ျမန္မာပရိသတ္ေတြရဲ႕ ေလးစားမႈေတြကို ပိုင္ဆိုင္ထားတဲ့ ေမာ္ဒယ္တစ္ဦး ျဖစ္လာခဲ့ပါတယ္။ ျမန္မာျပည္ႀကီးနဲ႔ ျမန္မာလူမ်ိဳးေတြကို ခ်စ္တဲ့ Sinon Loresca က ယခုဆိုရင္ ျမန္မာ႐ုပ္ရွင္ ဇာတ္ကားေတြမွာလည္း ပါဝင္႐ိုက္ကူး လာေတာ့မွာကို ျမင္ေတြ႕ရမွာပါ။ Corona virus နဲ႔ ပက္သတ္ၿပီး ဟာသအေနနဲ႔ …

တလြဲျမင္ခံလိုက္ရတာေၾကာင့္ စိတ္မေကာင္းျဖစ္ေနတဲ့ အိမ့္ခ်စ္
Cele new
တစ္ျပားတစ္ခ်ပ္မွမယူပဲ ေမတၱာျဖင့္ေဖ်ာ္ေျဖေပးေပမယ့္ တလြဲျမင္ခံလိုက္ရတာေၾကာင့္ စိတ္မေကာင္းျဖစ္ေနတဲ့ အိမ့္ခ်စ္

တစ္ျပားတစ္ခ်ပ္မွမယူပဲ ေမတၱာျဖင့္ေဖ်ာ္ေျဖေပးေပမယ့္ တလြဲျမင္ခံလိုက္ရတာေၾကာင့္ စိတ္မေကာင္းျဖစ္ေနတဲ့ အိမ့္ခ်စ္ အိမ့္ခ်စ္ကေတာ့ ဒီႏွစ္သၾကၤန္မွာေတာ့ ကန္ေတာ္ႀကီး ေမွ်ာ္စင္ကြၽန္မွာ EFD Thingyan 2020 မွာ ႏိုင္ငံေက်ာ္ အဆိုေတာ္ေတြျဖစ္တဲ့ ေဇာ္ဝင္းထြဠ္၊ ေဝလ၊ Wanted၊ Eternal Gosh၊ ဝိုင္းစုခိုင္သိန္း၊ အိုင္ရင္းဇင္မာျမင့္ တို႔နဲ႔အတူ ပါဝင္ ေဖ်ာ္ေျဖ သြားမွာတဲ့ေနာ္။ သူဟာ လာမည့္(၂၀၂၀) သၾကၤန္မွာေတာ့ အမိုက္စားသၾကၤန္ေဖ်ာ္ေျဖေရးမ႑ပ္ မွာတင္ဆက္သြာမွာလည္းျဖစ္ပါတယ္။ အိမ့္ခ်စ္ ဖခင္ျဖစ္သူ ႏိုင္ငံေက်ာ္အဆိုေတာ္ႀကီး ဦးခ်စ္ေကာင္းရဲ႕ အႏုပညာအေမြေတြကို ဆက္ခံရင္း သူရဲ႕ထူးျခားလွတဲ့ အသံကာလာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈ အခိုင္အမာ ရရွိထားပါတယ္။ အိမ့္ခ်စ္ကေတာ့ ႏိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ ျဖစ္တာေၾကာင့္ ေဖ်ာ္ေျဖေရး ပြဲေတြကိုလည္း အဆက္မျပတ္ …