အရမ်းချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို မဖြစ်မနေမေ့ပစ်ရတော့မယ်ဆိုရင် ဒါလေးတွေကို သတိရပါ….
အချစ်ရေး
Unicode
တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ပြီးမှ မေ့ပစ်လိုက်ဖို့ဆိုတာ အရမး်ခက််ခဲမှန်း ကြုံဖူးတဲ့သူတိုင်း သိကြမှာပါ။ ဒါပေမယ့်လည်း လောကမှာ လိုချင်တိုင်းလည်း မရခဲ့တဲ့အချိန်တွေ အများကြီးရှိပါတယ်။ ဘယ်လောက်ထိပဲ ချစ်ခဲ့ချစ်ခဲ့ စွန့်လွှတ်သင့်တဲ့ အချိန်ရောက်လာတဲ့အခါ စွန့်လွှတ်တတ်ဖို့ကလည်း အရမး်ကိုအရေးကြီးပါတယ်။ ခုဖော်ပြပေးမှာကတော့ အရမး်ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ မေ့ပစ်ဖို့လိုလာပြီဆိုရင် ဒီအချက်လေးတွေကို သတိရပြီး လိုက်နာပေးခြငး်ဖြင့် မေ့ရတာ ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။
(၁) အရာရာတိုင်းမှာ အဆုံးသတ်ဆိုတာရှိတယ် ။
သင်ဟာ လူတစ်ယောက်ကို လက်မလွှတ်ချင်လို့ အစွမး်ကုန်ကြိုးစားခဲ့တယ်၊ တတ်နိုင်သမျှ အားထုတ်ခဲ့တယ် ဒါပေမယ့်လည်း အဆုံးမှာ ခွဲခွာဖို့သာ ဖြစ်လာခဲ့ရင် အရမး်ကိုဆို့နင့်ကြေကွဲစရာကောင်းနေမှာပါ။ ဒါပေမယ့်လည်း အရာရာတိုင်းမှာ အဆုံးသတ်ရှိတဲ့အတွက် သင်မျှော်လင့်ထားတာထက် ပိုပြီး စောရောက်လာခဲ့တယ်လို့ပဲ မှတ်လိုက်ပါ။ ဒါကို သင်လက်ခံရမှာဖြစ်သလို၊ အဆုံးသတ်ကို ရောက်လာတဲ့အခါ အရာအားလုံးဟာ ပြီးဆုံးရတာချညး်ပါပဲ။ ဒါကြောင့် အတင်းအကျပ် ဆုပ်ကိုင်ဖိုု့ မကြိုးစားပါနဲ့တော့။
(၂) သဘောထားကြီးစွာခွင့်လွှတ်လိုက်ပါ ။
ခွင့်လွှတ်ဖို့ပြောတဲ့အခါ တစ်ဖက်လူအတွက်သာမက သင့်အတွက်လည်းဖြစ်ပါတယ်။ သင့်ကိုသင်လည်း ခွင့်လွှတ်ဖို့လိုပါတယ်။ အချစ်ရေးတစ်ခု၊ ဆက်ဆံရေးတစ်ခု အဆုံးသတ်သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်သင့်သလို၊ တစ်ဖက်လူကိုလည်း အပြစ်မတင်သင့်ပါဘူး။ သူ့ဖက်က အမှားတွေချည်းပဲဆိုရင်တောင်မှ သင်က သူ့ကို အရမး်ချစ်ခဲ့တဲ့သူဖြစ်နေတဲ့အတွက် ဆက်ပြီး သဘောထားကြီးစွာနဲ့ အဆုံးထိခွင့်လွှတ်ပေးလိုက်ပါ ။
(၃) ကိုယ်ပိုင်အချိန်ယူပါ ။
သင်ဟာ အရင်တုန်းက ချစ်သူနဲ့အတူ သွားလာစားသောက်ကာ အချိန်တိုင်းလိုလို သူနဲ့ရှိနေပေမယ့် အခုချိန်မှာတော့ သင်တစ်ယောက်တည်း ကိုယ်ပိုင်အချိန်ယူဖို့အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ သင်လုပ်ချင်နေတဲ့အရာတွေကို ထိန်းချုပ်နေစရာလည်း မလိုတော့သလို၊ အတားအဆီးမရှိ လွတ်လွတ်လပ်လပ်နေနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ သင်မဟုတ်တဲ့ သင့်ပုံစံတွေ၊ အောင့်အည်းကြိတ်မှိတ်ကာ သည်းခံနေရတာတွေ၊ စိုးရိမ်ပူပန်နေရတာတွေ အားလုံးကို ထားပြီး တစ်ယောက်တည်း ပေါ့ပေါ့ပါးပါး နေနိုင်သွားတဲ့အချိန်ဖြစ်တာကြောင့် စိတ်ကို ပေါ့ပေါ့ပါးပါးပဲထားပါ။ ကြာလာတဲ့အခါ နေသားကျသွားမှာပဲဖြစ်ပါတယ် ။
(၄) အချစ်သစ်မရှာပါနဲ့ဦး ။
တစ်ခါတလေ ကွဲသွားတဲ့အသည်းကို ပြန်ကုစားဖို့အတွက် အချစ်သစ်ကို ရှာရင် အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ပိုလို့တောင် ဆိုးသွားနိုင်ပါတယ်။ သင့်ရင်ထဲက ဒဏ်ရာတွေ ကျက်သွားဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ ပေးလိုက်ပါဦး။ ဒီလိုမှမဟုတ်ဘဲ အချစ်သစ်ကို စတင်လိုက်မိတဲ့အခါ နာကျင်စရာတွေသာ များလာမှာဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ်တော့ တစ်ယောက်တည်း အေးအေးဆေးဆေးနဲ့ အချိန်ရဲ့ ကုသမှုကို ခံယူလိုက်ပါဦးနော် ။
(၅) သင့်ကို ချစ်တဲ့သူတွေနဲ့ အချိန်ယူပါ ။
သင်အခင်မင်ရဆုံးသူငယ်ချင်းတွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေဆီ သွားရောက်လည်ပတ်တာမျိုး စကားဖောင်ဖွဲ့တာမျိုးတွေ မကြာခဏပြုလုပ်ပေးသင့်ပါတယ်။ သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းဆီမှာ ရင်ဖွင့်ပြီး ငိုချင်ရင် ငိုချလိုက်ပါ။ ဒါပေမယ့်လညး် သင်သိထားဖို့က ထပ်ခါထပ်ခါ မငိုဖို့ပါပဲ။ သင့်မှာ အနာဂတ်တွေ ရှိတယ်၊ သင့်ကို ချစ်တဲ့သူတွေရှိသေးတယ်၊ အနာဂတ်မှာလည်း ဒီထက်ပိုကောင်းတဲ့သူနဲ့ ဆုံရဦးမှာဖြစ်တဲ့အတွက် တဒင်္ဂခံစားချက်လေးကြောင့် တစ်ဘဝလုံးကို အနစ်မွန်းမခံမိပါစေနဲ့ ။
ချစ်သူတွေကြားမှာ ဒီအိပ်မက်တွေ မက်ရင်တော့ သတိထားတော့…
အချစ်ရေး
ချစ်သူတွေကြားမှာ ဒီအိပ်မက်တွေ မက်ရင်တော့ သတိထားတော့…
ချစ်သူတွေကြားမှာ ဒီအိပ်မက်တွေ မက်ရင်တော့ သတိထားတော့… ချစ်သူတွေကြားမှာ စိတ်ထဲမှာ မသိစိတ်ကနေ နှစ်ယောက်ကြားမှာ ဖြစ်နေသော ပြသာနာတွေက အိပ်မက်မှာ ပေါ်လာလိမ့်ပါမယ် … ။ ဘယ်လို အိပ်မက်တွေ ဖြစ်မှာလဲ … ။ အိပ်မက်တွေကို သတိထား ကြည့်လိုက်ပါနော် … ။ ( 1 ) ချစ်သူနဲ့ ပျော်ရွှင် သာယာနေသော အိပ်မက် ချစ်သူနဲ့ ကွဲရန် နီးစပ်နေလို့ မြင်ရသော အိပ်မက် ဖြစ်ပါလိမ့်မယ်။ အိပ်မက်ဆိုတာ ပြောင်းပြန် စဉ်းစား ကြည့်ရပါတယ်။ ကိုယ်က ချစ်သူအပေါ်မှာ တကိုယ်ကောင်း ဆန်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း အနိုင်ယူနေတာတွေက ပြသာနာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် …
ကောင်လေးတွေက ချစ်သူကောင်မလေးတွေကို ဒါတွေကြောင့် သဝန်တိုတတ်ပါတယ်
အချစ်ရေး
ကောင်လေးတွေက ချစ်သူကောင်မလေးတွေကို ဒါတွေကြောင့် သဝန်တိုတတ်ပါတယ်
ကောင်လေးတွေက ချစ်သူကောင်မလေးတွေကို ဒါတွေကြောင့် သဝန်တိုတတ်ပါတယ် တစ်ယောက်နဲ့ တစ်ယောက် အကြောင်းပါပြီး ချစ်သူတွေ ဖြစ်ကြတဲ့အခါ အပြန်အလှန် နားလည်ဖို့ကြိုးစားရင်း ယုံကြည်မှုတွေ တည်ဆောက်ကြပေမယ့် မကောင်းတာတွေ မဖြစ်စေချင်တဲ့ အတွက် စိတ်ပူတာ၊ သဝန်တိုတာ၊ စိုးရိမ်တာ စတဲ့ စိတ်ခံစားချက်တွေက သူ့အလိုလို ဖြစ်လာ တတ်ပါ တယ်။ အထူးသဖြင့် ယောကျာ်လေးတွေက သူတို့ရဲ့ကောင်မလေးတွေကို ချစ်မိတာအခါမှာ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက် အလိုလိုက် ကြသလို သဝန်တိုတာ စိတ်ပူလို့ ချုပ်ချယ်တာတွေ ရှိ ကြပါ တယ်။ ဒါက မယုံကြည်တာမျိုး မဟုတ်ပေမယ့် အနည်းနဲ့ အများတွေ ဖြစ်တတ်ကြ တာပါ။ ကိုယ့်ထက် တခြားသူကို ပိုဂရုစိုက်တာ ဒါကမနာလို …
အချစ်ရေး
လက်ထပ်ဖို့ ဆုံးဖြတ်ထားတဲ့ စုံတွဲတိုင်း မဖြစ်မနေ စဉ်းစားထားသင့်တဲ့ အကြောင်းအရာ(၅)မျိုး
လက်ထပ်ဖို့ ဆုံးဖြတ်ထားတဲ့ စုံတွဲတိုင်း မဖြစ်မနေ စဉ်းစားထားသင့်တဲ့ အကြောင်းအရာ(၅)မျိုး လူနှစ်ယောက် ချစ်သူတွေဖြစ်သွားဖို့ဆိုတာ သိပ်မခက်ပေမယ့် နှစ်ယောက်သားလက်တွဲပြီး အိမ်ထောင်ရေးအဆင်ပြေသာယာဖို့ဆိုရင်တော့ ထင်သလောက် မလွယ်လှပါဘူး …။ ပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ချစ်သူစုံတွဲတွေ တော်တော်များများက အိမ်ထောင်ပြုဖို့အတွက်စဉ်းစားရာမှာ တချို့အချက်တွေကို ထည့်မစဉ်းစားမိတတ်ကြဘူးဆိုတာကို တွေ့ရပါတယ် …။ ဒါဆို စုံတွဲတွေအနေနဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားတဲ့အခါ ဘယ်အချက်တွေကို မဖြစ်မနေထည့်စဉ်းစားဖို့ လိုသလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ အိမ်ထောင်ပြုဖို့ စိတ်ကူးရှိတဲ့သူတိုင်း ဖတ်ထားလိုက်ပါနော် …။ (၁) ငွေကြေးနဲ့ပတ်သက်လို့ အိမ်ထောင်တစ်ခုထူထောင်တဲ့အခါ ငွေကြေးက အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မိသားစုအတွက် လုံလောက်တဲ့ ပိုက်ဆံရှာဖို့လိုအပ်ပါတယ် …။ ဒါပေမယ့် ပိုက်ဆံရှာဖို့ကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားပြီး …