ဦးေႏွာက္ေသြးခဲပိတ္ ေလျဖတ္ေရာဂါ အေၾကာင္း သိေကာင္းစရာ - SANTHITSA

ဦးေႏွာက္ေသြးခဲပိတ္ ေလျဖတ္ေရာဂါ အေၾကာင္း သိေကာင္းစရာ

ဦးေႏွာက္ေသြးခဲပိတ္ ေလျဖတ္ေရာဂါ အေၾကာင္း သိေကာင္းစရာ
HEALTH

ဦးေႏွာက္ေသြးခဲပိတ္ ေလျဖတ္ေရာဂါ အေၾကာင္း သိေကာင္းစရာ

ဦးေႏွာက္ေသြးခဲလို႔ျဖစ္တဲ့ ေလျဖတ္ေရာဂါဆိုတာ ဦးေႏွာက္တြင္းကို ေထာက္ပံ့ေပးတဲ့ ေသြးေၾကာတြင္းမွာ ေသြးခဲပိတ္ဆို႔လို႔ ေအာက္စီဂ်င္ဓာတ္ကို မရရွိဘဲ ဦးေႏွာက္ဆဲလ္ေတြ ထိခိုက္ပ်က္စီးတဲ့ေရာဂါကို ေခၚပါတယ္။

တကယ္လို႔ ဦးေႏွာက္တြင္း ေသြးလည္ပတ္မႈေကာင္းေအာင္ အျမန္ဆုံး ကုသမႈ မရဘူးဆိုရင္ ေအာက္စီဂ်င္ မရတဲ့ဦးေႏွာက္ အစိတ္အပိုင္းက လုံးဝပ်က္စီးသြားမွာ ျဖစ္ပါတယ္။

ဘာလို အေၾကာင္းေၾကာင့္ ျဖစ္ရတာလဲ

ေလျဖတ္ေရာဂါကို ျဖစ္ေစတဲ့အေၾကာင္းရင္းရဲ႕ ၈၇ ရာခိုင္ႏႈန္းေလာက္က ဦးေႏွာက္ေသြးခဲလို႔ ျဖစ္တာပါ။ က်န္တဲ့ရာခိုင္ႏႈန္းေတြက ဦးေႏွာက္ေသြးေၾကာေပါက္တာေၾကာင့္ ျဖစ္ပါတယ္။

တကယ္လို႔ ဦးေႏွာက္ေသြးေၾကာ ယာယီပိတ္ဆို႔ၿပီး မပ်က္စီးဘဲ ၂၄ နာရီအတြင္း ျပန္ေကာင္းသြားတယ္ဆိုရင္ေတာ့ ေလျဖန္းတယ္ (Transient Ischemic Attack TIA) လို႔ ေခၚပါတယ္။

ဦးေႏွာက္ေသြးခဲလို႔ ေလျဖတ္ေရာဂါျဖစ္ခ်င္တဲ့ လကၡဏာကို ဘယ္လို သိႏိုင္မလဲ

ဦးေႏွာက္တြင္းေသြးေၾကာမွာ ေသြးခဲလို႔ျဖစ္ႏိုင္တဲ့ လကၡဏာေတြက ခဲသြားတဲ့ ဦးေႏွာက္ေသြးေၾကာေနရာနဲ႔ ေအာက္စီဂ်င္ မရတဲ့ ဦးေႏွာက္အစိတ္အပိုင္းေပၚ မူတည္ပါတယ္။ တခ်ိဳ႕ အျဖစ္မ်ားတဲ့လကၡဏာေတြ ရွိပါတယ္။

ဒါေတြကေတာ့-

အျမင္အာ႐ုံျပႆနာေတြ၊ ဥပမာ မ်က္စိတစ္ဖက္ မျမင္ရေတာ့တာ၊ ႏွစ္ဖက္လုံးမျမင္ရေတာ့တာ၊ လက္နဲ႔ ေျခေထာက္ အားနည္းတာ၊ လႈပ္မရေတာ့တာ၊ ပိတ္တဲ့ေသြးေၾကာေပၚမူတည္ၿပီး လက္၊ ေျခတစ္ဖက္ ဒါမွမဟုတ္ ႏွစ္ဖက္လုံး ျဖစ္ႏိုင္ပါတယ္။

ေခါင္းမူးတာ၊ ခ်ာခ်ာလည္မူးေဝတာ၊စိတ္ဂေယာင္ေျခာက္ျခားျဖစ္တာ၊ စိတ္ရႈပ္ေထြးတာ၊စကားေတြ မပီသလာတာ၊ စကားထူးထူးဆန္းဆန္းေတြ ေျပာတာ၊ ကိုယ္ဟန္ခ်က္မထိန္းႏိုင္တာ၊ မ်က္ႏွာတစ္ျခမ္း႐ြဲ႕တာ၊ သြားရည္က်တာ စတာေတြက ဦးေႏွာက္ေသြးခဲလို႔ ေလျဖတ္ခ်င္တဲ့လကၡဏာ ျဖစ္ပါတယ္။

ဒီလိုလကၡဏာေတြ ျပလာရင္ အျမန္ဆုံး စမ္းသပ္စစ္ေဆးဖို႔လိုၿပီး ေဆးကုသမႈ အျမန္ဆုံး ခံယူဖို႔ လိုအပ္ပါတယ္။ လူတစ္ေယာက္ ေလျဖတ္ေရာဂါ ျဖစ္ေနတာလား အျမန္ဆုံးသိႏိုင္ဖို႔ FAST လို႔ေခၚတဲ့ အတိုေကာက္ မွတ္နည္းေလး ရွိပါတယ္။

F က Face ျဖစ္ပါတယ္။ မ်က္ႏွာ တစ္ျခမ္း႐ြဲ႕ေနလား၊ လႈပ္ရွားရခက္ေနလား ၾကည့္ပါ။

A က Arms ပါ။ လက္ေတြကို ဆန႔္တန္းေျမႇာက္ထုတ္ခိုင္းလို႔ တစ္ဖက္က ေအာက္ကို က်သြားတယ္၊ ဒါမွမဟုတ္ လက္တစ္ဖက္က မေျမႇာက္ႏိုင္ဘူးလား ၾကည့္ပါ။

S က Speech ျဖစ္ပါတယ္။ သူ႔ရဲ႕ ေျပာတဲ့စကားေတြက ဝါးေနလား၊ မပီမသျဖစ္ေနလား၊ အဓိပၸာယ္ မရွိထူးဆန္းတဲ့စကားေတြ ေျပာေနလား ၾကည့္ပါ။

T က Time ျဖစ္ပါတယ္။ တကယ္လို႔ အေပၚက အခ်က္ ၃ ခ်က္က Yes ျဖစ္ေနရင္ေတာ့ အေရးေပၚ လူနာတင္ကား၊ ဒါမွမဟုတ္ အေရးေပၚဌာနကို ျမန္ျမန္သြားရမယ့္ အခ်ိန္ေရာက္ၿပီပဲ ျဖစ္ပါတယ္။

ဦးေႏွာက္ေသြးခဲလို႔ ေလျဖတ္ေရာဂါမျဖစ္ေအာင္ ဘယ္လို ကာကြယ္ၾကမလဲ

ဦးေႏွာက္ေသြးခဲေရာဂါကို ျဖစ္ေစတဲ့အေၾကာင္းရင္းေတြ အမ်ားႀကီး ရွိပါတယ္။ ဒီအေၾကာင္းရင္းေတြက ေလျဖတ္ေရာဂါ ျဖစ္ဖို႔ အခြင့္အလမ္းကို မ်ားေစပါတယ္။ ဒါေၾကာင့္ ဒီအေၾကာင္းရင္းေတြကို မျဖစ္ေအာင္ ကာကြယ္မယ္ ဆိုရင္ ဦးေႏွာက္ေသြးခဲၿပီး ေလျဖတ္ေရာဂါကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။

(၁) ေသြးတိုး၊ ဆီးခ်ိဳေရာဂါကို ထိန္းသိမ္းပါ

နာတာရွည္ေရာဂါေတြျဖစ္တဲ့ ေသြးတိုးေရာဂါနဲ႔ ဆီးခ်ိဳေရာဂါဟာ ဦးေႏွာက္ေသြးခဲပိတ္ဆို႔ၿပီး ေလျဖတ္ေရာဂါ ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြထဲမွာ ထိပ္ဆုံးက ပါ ပါတယ္။

ဒါေၾကာင့္ ကိုယ့္မွာ ဒီလို နာတာရွည္ေရာဂါအခံေတြ ရွိေနတယ္ ဆိုရင္ ဆရာဝန္ကသတ္မွတ္ထားတဲ့ သင့္ေတာ္တဲ့ ေသြးေပါင္ခ်ိန္ပမာဏ၊ ဆီးခ်ိဳပမာဏမွာ ထိန္းသိမ္းထားဖို႔ အေရးႀကီးပါတယ္။

(၂) ေဆးလိပ္ျဖတ္ပါ၊ အရက္ အလြန္အကြၽံေသာက္တာ ေရွာင္ပါ

ေဆးလိပ္က ခႏၶာကိုယ္တစ္ကိုယ္လုံးမွာ ေသြးေၾကာက်ဥ္းေရာဂါကို ျဖစ္ေစပါတယ္။ ေသြးေၾကာက်ဥ္း အေျခအေနက ဦးေႏွာက္ေသြးေၾကာတြင္းမွာသာ ျဖစ္ရင္ အခ်ိန္ၾကာလာရင္ ေသြးခဲပိတ္ၿပီး ေလျဖတ္ႏိုင္ေခ် မ်ားပါတယ္။ ဒါေၾကာင့္ ေဆးလိပ္ကိုျဖတ္ျခင္းဟာလည္း ဦးေႏွာက္ေသြးခဲပိတ္ဆို႔ျခင္းကို ႀကိဳတင္ ကာကြယ္ျခင္းပဲ ျဖစ္ပါတယ္။

အရက္ကို အလြန္အကြၽံ ေသာက္တာကလည္း ဦးေႏွာက္ေသြးခဲပိတ္ဆို႔ျခင္းကို ျဖစ္ေစႏိုင္တဲ့အတြက္ ေရွာင္ၾကဥ္သင့္ၿပီး အရက္ကို သင့္ေတာ္တဲ့ ပမာဏသာ ေသာက္သုံးသင့္ပါတယ္။

(၃) ကိုယ္အေလးခ်ိန္ ထိန္းပါ

အဝလြန္ျခင္းက ေသြးတြင္းအဆီဓာတ္ကို မ်ားေစၿပီး ေသြးေၾကာတြင္းမွာ အဆီဓာတ္ကို တက္ေစပါတယ္။ ဒီကေနတစ္ဆင့္ ဦးေႏွာက္ေသြးခဲတာကို ျဖစ္ေစၿပီး ေလျဖတ္ေရာဂါကို ျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ကိုယ္အေလးခ်ိန္အတြင္းေရာက္ေအာင္ ထိန္းသိမ္းသင့္ပါတယ္။ အစားအစာေတြမွာ အဆီကို ေလွ်ာ့စားၿပီး ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးဝလံကို မ်ားမ်ားစားေပးဖို႔ လိုအပ္ပါတယ္။

(၄) ေလ့က်င့္ခန္း ပုံမွန္လုပ္ေပးပါ

တစ္ေန႔ကို မိနစ္ ၃၀ နဲ႔ တစ္ပတ္ကို ၅ ရက္ ေလ့က်င့္ခန္းလုပ္ေပးတာက ေသြးလည္ပတ္မႈ ေကာင္းေစၿပီး ထုံထိုင္းေနတဲ့ ခႏၶာကိုယ္ေသြးေၾကာေတြကို လည္ပတ္မႈ ေကာင္းေစပါတယ္။

ေလ့က်င့္ခန္း ပုံမွန္လုပ္ေပးတာက ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းသိမ္းေစၿပီး နာတာရွည္ေရာဂါေတြ ျဖစ္မလာေအာင္လည္း ကာကြယ္ေပးပါတယ္။

ကိုယ့္မိသားစု မ်ိဳး႐ိုးထဲမွာ ဦးေႏွာက္ေသြးခဲပိတ္လို႔ ေလျဖတ္ေရာဂါ ျဖစ္တဲ့ ရာဇဝင္ရွိတယ္ဆိုရင္ အေလးထားၿပီး ဂ႐ုစိုက္ေပးဖို႔ လိုပါတယ္။

ဦးေႏွာက္ေသြးခဲလို႔ ေလျဖတ္ေရာဂါဟာ အေရးေပၚေဆးကုသမႈ ခံယူရတဲ့ေရာဂါ ျဖစ္ၿပီး ေရာဂါျဖစ္သြားခဲ့ရင္ သာမန္လူေကာင္းအတိုင္း ပကတိျပန္ေကာင္းႏိုင္ေခ် မရွိသေလာက္ နည္းတာေၾကာင့္ ေရာဂါ မျဖစ္ခင္တည္းက ႀကိဳတင္ကာကြယ္တာက အေရးအႀကီးဆုံးပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ေကာင္းသည္ဆိုတဲ့အတိုင္း ဦးေႏွာက္ေသြးခဲၿပီး ေလျဖတ္ေရာဂါ မျဖစ္ၾကဖို႔ ကာကြယ္ရန္ တိုက္တြန္းရင္း နိဂုန္းခ်ဳပ္အပ္ပါတယ္။

ေဒါက္တာသုတ

Unicode

ဦးနှောက်သွေးခဲပိတ် လေဖြတ်ရောဂါ အကြောင်း သိကောင်းစရာ

ဦးနှောက်သွေးခဲလို့ဖြစ်တဲ့ လေဖြတ်ရောဂါဆိုတာ ဦးနှောက်တွင်းကို ထောက်ပံ့ပေးတဲ့ သွေးကြောတွင်းမှာ သွေးခဲပိတ်ဆို့လို့ အောက်စီဂျင်ဓာတ်ကို မရရှိဘဲ ဦးနှောက်ဆဲလ်တွေ ထိခိုက်ပျက်စီးတဲ့ရောဂါကို ခေါ်ပါတယ်။

တကယ်လို့ ဦးနှောက်တွင်း သွေးလည်ပတ်မှုကောင်းအောင် အမြန်ဆုံး ကုသမှု မရဘူးဆိုရင် အောက်စီဂျင် မရတဲ့ဦးနှောက် အစိတ်အပိုင်းက လုံးဝပျက်စီးသွားမှာ ဖြစ်ပါတယ်။

ဘာလို အကြောင်းကြောင့် ဖြစ်ရတာလဲ

လေဖြတ်ရောဂါကို ဖြစ်စေတဲ့အကြောင်းရင်းရဲ့ ၈၇ ရာခိုင်နှုန်းလောက်က ဦးနှောက်သွေးခဲလို့ ဖြစ်တာပါ။ ကျန်တဲ့ရာခိုင်နှုန်းတွေက ဦးနှောက်သွေးကြောပေါက်တာကြောင့် ဖြစ်ပါတယ်။

တကယ်လို့ ဦးနှောက်သွေးကြော ယာယီပိတ်ဆို့ပြီး မပျက်စီးဘဲ ၂၄ နာရီအတွင်း ပြန်ကောင်းသွားတယ်ဆိုရင်တော့ လေဖြန်းတယ် (Transient Ischemic Attack TIA) လို့ ခေါ်ပါတယ်။

ဦးနှောက်သွေးခဲလို့ လေဖြတ်ရောဂါဖြစ်ချင်တဲ့ လက္ခဏာကို ဘယ်လို သိနိုင်မလဲ

ဦးနှောက်တွင်းသွေးကြောမှာ သွေးခဲလို့ဖြစ်နိုင်တဲ့ လက္ခဏာတွေက ခဲသွားတဲ့ ဦးနှောက်သွေးကြောနေရာနဲ့ အောက်စီဂျင် မရတဲ့ ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်ပါတယ်။ တချို့ အဖြစ်များတဲ့လက္ခဏာတွေ ရှိပါတယ်။

ဒါတွေကတော့-

အမြင်အာရုံပြဿနာတွေ၊ ဥပမာ မျက်စိတစ်ဖက် မမြင်ရတော့တာ၊ နှစ်ဖက်လုံးမမြင်ရတော့တာ၊ လက်နဲ့ ခြေထောက် အားနည်းတာ၊ လှုပ်မရတော့တာ၊ ပိတ်တဲ့သွေးကြောပေါ်မူတည်ပြီး လက်၊ ခြေတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံး ဖြစ်နိုင်ပါတယ်။

ခေါင်းမူးတာ၊ ချာချာလည်မူးဝေတာ၊စိတ်ဂယောင်ခြောက်ခြားဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ၊စကားတွေ မပီသလာတာ၊ စကားထူးထူးဆန်းဆန်းတွေ ပြောတာ၊ ကိုယ်ဟန်ချက်မထိန်းနိုင်တာ၊ မျက်နှာတစ်ခြမ်းရွဲ့တာ၊ သွားရည်ကျတာ စတာတွေက ဦးနှောက်သွေးခဲလို့ လေဖြတ်ချင်တဲ့လက္ခဏာ ဖြစ်ပါတယ်။

ဒီလိုလက္ခဏာတွေ ပြလာရင် အမြန်ဆုံး စမ်းသပ်စစ်ဆေးဖို့လိုပြီး ဆေးကုသမှု အမြန်ဆုံး ခံယူဖို့ လိုအပ်ပါတယ်။ လူတစ်ယောက် လေဖြတ်ရောဂါ ဖြစ်နေတာလား အမြန်ဆုံးသိနိုင်ဖို့ FAST လို့ခေါ်တဲ့ အတိုကောက် မှတ်နည်းလေး ရှိပါတယ်။

F က Face ဖြစ်ပါတယ်။ မျက်နှာ တစ်ခြမ်းရွဲ့နေလား၊ လှုပ်ရှားရခက်နေလား ကြည့်ပါ။

A က Arms ပါ။ လက်တွေကို ဆန့်တန်းမြှောက်ထုတ်ခိုင်းလို့ တစ်ဖက်က အောက်ကို ကျသွားတယ်၊ ဒါမှမဟုတ် လက်တစ်ဖက်က မမြှောက်နိုင်ဘူးလား ကြည့်ပါ။

S က Speech ဖြစ်ပါတယ်။ သူ့ရဲ့ ပြောတဲ့စကားတွေက ဝါးနေလား၊ မပီမသဖြစ်နေလား၊ အဓိပ္ပာယ် မရှိထူးဆန်းတဲ့စကားတွေ ပြောနေလား ကြည့်ပါ။

T က Time ဖြစ်ပါတယ်။ တကယ်လို့ အပေါ်က အချက် ၃ ချက်က Yes ဖြစ်နေရင်တော့ အရေးပေါ် လူနာတင်ကား၊ ဒါမှမဟုတ် အရေးပေါ်ဌာနကို မြန်မြန်သွားရမယ့် အချိန်ရောက်ပြီပဲ ဖြစ်ပါတယ်။

ဦးနှောက်သွေးခဲလို့ လေဖြတ်ရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ

ဦးနှောက်သွေးခဲရောဂါကို ဖြစ်စေတဲ့အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဒီအကြောင်းရင်းတွေက လေဖြတ်ရောဂါ ဖြစ်ဖို့ အခွင့်အလမ်းကို များစေပါတယ်။ ဒါကြောင့် ဒီအကြောင်းရင်းတွေကို မဖြစ်အောင် ကာကွယ်မယ် ဆိုရင် ဦးနှောက်သွေးခဲပြီး လေဖြတ်ရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၁) သွေးတိုး၊ ဆီးချိုရောဂါကို ထိန်းသိမ်းပါ

နာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါဟာ ဦးနှောက်သွေးခဲပိတ်ဆို့ပြီး လေဖြတ်ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ဆုံးက ပါ ပါတယ်။

ဒါကြောင့် ကိုယ့်မှာ ဒီလို နာတာရှည်ရောဂါအခံတွေ ရှိနေတယ် ဆိုရင် ဆရာဝန်ကသတ်မှတ်ထားတဲ့ သင့်တော်တဲ့ သွေးပေါင်ချိန်ပမာဏ၊ ဆီးချိုပမာဏမှာ ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။

(၂) ဆေးလိပ်ဖြတ်ပါ၊ အရက် အလွန်အကျွံသောက်တာ ရှောင်ပါ

ဆေးလိပ်က ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ သွေးကြောကျဉ်းရောဂါကို ဖြစ်စေပါတယ်။ သွေးကြောကျဉ်း အခြေအနေက ဦးနှောက်သွေးကြောတွင်းမှာသာ ဖြစ်ရင် အချိန်ကြာလာရင် သွေးခဲပိတ်ပြီး လေဖြတ်နိုင်ချေ များပါတယ်။ ဒါကြောင့် ဆေးလိပ်ကိုဖြတ်ခြင်းဟာလည်း ဦးနှောက်သွေးခဲပိတ်ဆို့ခြင်းကို ကြိုတင် ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။

အရက်ကို အလွန်အကျွံ သောက်တာကလည်း ဦးနှောက်သွေးခဲပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပြီး အရက်ကို သင့်တော်တဲ့ ပမာဏသာ သောက်သုံးသင့်ပါတယ်။

(၃) ကိုယ်အလေးချိန် ထိန်းပါ

အဝလွန်ခြင်းက သွေးတွင်းအဆီဓာတ်ကို များစေပြီး သွေးကြောတွင်းမှာ အဆီဓာတ်ကို တက်စေပါတယ်။ ဒီကနေတစ်ဆင့် ဦးနှောက်သွေးခဲတာကို ဖြစ်စေပြီး လေဖြတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်အတွင်းရောက်အောင် ထိန်းသိမ်းသင့်ပါတယ်။ အစားအစာတွေမှာ အဆီကို လျှော့စားပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကို များများစားပေးဖို့ လိုအပ်ပါတယ်။

(၄) လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ

တစ်နေ့ကို မိနစ် ၃၀ နဲ့ တစ်ပတ်ကို ၅ ရက် လေ့ကျင့်ခန်းလုပ်ပေးတာက သွေးလည်ပတ်မှု ကောင်းစေပြီး ထုံထိုင်းနေတဲ့ ခန္ဓာကိုယ်သွေးကြောတွေကို လည်ပတ်မှု ကောင်းစေပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းစေပြီး နာတာရှည်ရောဂါတွေ ဖြစ်မလာအောင်လည်း ကာကွယ်ပေးပါတယ်။

ကိုယ့်မိသားစု မျိုးရိုးထဲမှာ ဦးနှောက်သွေးခဲပိတ်လို့ လေဖြတ်ရောဂါ ဖြစ်တဲ့ ရာဇဝင်ရှိတယ်ဆိုရင် အလေးထားပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်။

ဦးနှောက်သွေးခဲလို့ လေဖြတ်ရောဂါဟာ အရေးပေါ်ဆေးကုသမှု ခံယူရတဲ့ရောဂါ ဖြစ်ပြီး ရောဂါဖြစ်သွားခဲ့ရင် သာမန်လူကောင်းအတိုင်း ပကတိပြန်ကောင်းနိုင်ချေ မရှိသလောက် နည်းတာကြောင့် ရောဂါ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်တာက အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဆိုတဲ့အတိုင်း ဦးနှောက်သွေးခဲပြီး လေဖြတ်ရောဂါ မဖြစ်ကြဖို့ ကာကွယ်ရန် တိုက်တွန်းရင်း နိဂုန်းချုပ်အပ်ပါတယ်။

ဒေါက်တာသုတ

ရွားေစာင္းလက္ပတ္ႏွင့္မ်က္ႏွာေပါင္းတင္ ေခ်းခြၽတ္နည္း
HEALTH
ရွားေစာင္းလက္ပတ္ႏွင့္မ်က္ႏွာေပါင္းတင္ ေခ်းခြၽတ္နည္း

ရွားေစာင္းလက္ပတ္ႏွင့္မ်က္ႏွာေပါင္းတင္ ေခ်းခြၽတ္နည္း ရွားေစာင္းလက္ပတ္ ႏွင့္ မ်က္ႏွာေခ်းခြၽတ္ ေပါင္းတင္ၾကမယ္။ ရွားေစာင္းလက္ပတ္ အလယ္သားကို ျခစ္ခ်ထားၿပီး အနည္းငယ္ခ်န္ထားပါ ။ ဆႏြင္း မႈန႔္ ( သို႔ ) ေကာ္ဖီမႈန႔္ အနည္းငယ္ပုံပါအတိုင္းတင္ၿပီး က်န္အသားအနည္းငယ္ကိုျခစ္ၿပီးေရာသမလိုက္ပါ ၿပီးလွ်င္မ်က္ႏွာျပင္မွာသုတ္လိမ္းၿပီးအသာအယာပြတ္ၿပီးေခ်းခြၽတ္သန႔္စင္ပါ ။ ေရေဆးခ်ၿပီး ျခစ္ထားေသားအရည္ၾကည္မ်ားကိုသုတ္လိမ္းေျခာက္သည္ထိထားၿပီးေရျပန္ေဆးပါ မယုံနိင္ေအာင္တင္းရင္းဝင္းပလာတဲ့ သင့္မ်က္ႏွာအလွကိုအံ့ၾသသြားရမွာပါ Healthy Diet and Natural Beauty ရွားေစာင္းလက္ပတ္ အစြမ္း ရွားေစာင္းလက္ပတ္ (တေစာင္းလက္ပတ္) သည္ ခ်ဥ္ဆီကို တိုးပြားေစသည္။ အဆိပ္ကို ပယ္၏။ အေရျပားအနာကို ေပ်ာက္ေစသည္။ ဆီးသက္ေစ၏။ ကိုယ္အေရျပားေရာဂါကို ကာကြယ္ေစသည္။ ဦးေႏွာက္ပူျခင္းကို ေအးေစႏိုင္သည္.။ ေရယုန္နာ ယားနာတို႕ကို ေပ်ာက္ေစႏိုင္သည္။ မ်က္စိိေရာဂါ …

အစာလည်း ဆေး ဆေးလည်းအစာ သဘောထားရင်း မြူရွက်သုပ်စားကြပါစို့လား
HEALTH
အစာလည်း ဆေး ဆေးလည်းအစာ သဘောထားရင်း မြူရွက်သုပ်စားကြပါစို့လား

အစာလည်း ဆေး ဆေးလည်းအစာ သဘောထားရင်း မြူရွက်သုပ်စားကြပါစို့လား မြူပင်ကို အညာဒေသက လူတွေရင်းနှီးကြတယ်။ မြို့ပေါ်နေသော ကျောင်းသားကျောင်သူတွေကတော့ မြင်ဖူးကြမည်မထင်ပါ၊ မြူပင်ကို ဘယ်သူမှတခုတရ မစိုက်ကြပါဖူး၊ ပေါင်းပင်အနေဖြင့် ရှင်းလို့တောင်မနိုင်ပါဘူး၊ ဒါပေမဲ့ North India မှာတော့ food crop အနေဖြင့် စိုက်ပျိုးကြတယ်၊ ဆောင်းရာသီကြမှ ဒီအပင်တွေကိုတွေ့ရမယ်။ ရှင်းမနိုင်သည့်ပေါင်းပင် တနှစ်တခါသာ ပေါ်လာတတ်သည် တနှစ်ခံပင် ပြော့လေးတွေဖြစ်တယ်၊ ပန်းခိုင်က ထိပ်ထွက် ဖြစ်လို့ အသီးသီးချိန်မှာ ပြော့ပြောင်းသော ပင်စည်က ပန်းခိုင်ရဲ့ အလေးချိန်ကို မထမ်းနိုင်ပါဘူး ၊ အသီးသီးချိန်ဆိုရင် အပင်က တဖက်ကို ယိုင်နေတတ်တယ်၊ ပန်းခိုင်တခိုင်ကနေ အစေ့ပေါင်း ထောင်ချီပြီး ထွက်ကျစေနိုင်တယ် ၊ …

"လိပ်ခေါင်း အမြစ်​ ပြတ်ဆေး''
HEALTH
“လိပ်ခေါင်း အမြစ်​ ပြတ်ဆေး”

“လိပ်ခေါင်း အမြစ်​ ပြတ်ဆေး” *ဆေးနည်း* ၁။ သပွတ်သီး = ၃ လုံး, ၂။ ငရံ့ပတူပင် =တစ်ပင်, သပွတ်ခါးသီး ရင့်ရင့် ၃လုံးကို ယူ၍ အရည် ညှစ်ထားပါ။ ငရံ့ပတူပင် တစ်ပင်လုံး ( အရိုး အရွက် အမြစ် အားလုံးပါရမည်) ကို နေခြောက်လှန်း မီးရှို့၍ ပြာချပါ။ သပွတ်ခါးသီး ညှစ်၍ ရသော အရည်နှင့် ငရံ့ပတူပင် ပြာချ၍ ရသော ပြာများကို ရောမွှေလိုက်ပါ။ ဆေး ရပါပြီ။ ဆေးကို ကြက်တောင်ဖြင့် ယူ၍ ထွက်နေသော လိပ်ခေါင်းကို လိမ်းပေးပါ။ သုံးစွဲသူများ ပြောပြချက်အရ သားငံရည်များ ထွက်လာပါလိမ့်မည်။ …